ဘုန်းမောက်ကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး ချဲလ်ဆီး ၁၂ ပွဲဆက်နိုင်သည့် စံချိန်တင် (ရုပ်သံဟိုက်လိုက်)

2.5K
ဒီဇင်ဘာ ၂၆ ရက် ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ဘုန်းမောက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ချဲလ်ဆီးအတွက်တော့ စံချိန်တင် ၁၂ ပွဲမြောက်အဖြစ် နိုင်ပွဲရသွားတာပါ။
ချဲလ်ဆီးအိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၂၄ မိနစ်မှာ ပက်ဒရိုက သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၄၉ မိနစ်မှာ တိုက်စစ်မှူး ဟာဇက်က သွင်းယူပါတယ်။
ဒီပွဲမှာ ဟာဇက် ခြေစွမ်းပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။
ချဲလ်ဆီးမှာ အဓိက အားထားရတဲ့ တိုက်စစ်မှူး ကော်စတာနဲ့ ကွင်းလယ်ကစားသမား ကန်တီတို့ ပွဲပယ်ခံထားရလို့ မပါဝင်နိုင်ဘဲ ယှဉ်ပြိုင်သွားတာပါ။
ချဲလ်ဆီးအတွက် နောက်ဆုံးအပိတ်ဂိုးကို ဘုန်းမောက်ကစားသမားတဦး ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။
ဘုန်းမောက်အတွက်တော့ နောက်ဆုံးကစားတဲ့ ၄ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။
နိုင်ပွဲဆက်တဲ့ ချဲလ်ဆီးက ၄၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၇ မှတ်ဖြတ်ထားဆဲ ဖြစ်ပါတယ်။
ဘုန်းမောက်ကတော့ ၂၁ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။