ပင်လယ်ကူးသင်္ဘောနစ်မြုပ်၊ မြန်မာသင်္ဘောသား ၄ ဦး ပျောက်ဆုံးနေ
DVB
·
November 22, 2011
တောင်တရုတ်ပင်လယ်ထဲမှာ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစီး နစ်မြုပ်ပြီး မြန်မာ သင်္ဘောသား ၄ ဦးအပါအဝင် သင်္ဘောသား ၈ ဦး ပျောက်ဆုံးနေတယ်လို့ကိုရီးယား ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။
တန်ချိန် ၁ သောင်းခွဲရှိတဲ့ သင်္ဘောဟာ မလေးရှားကနေ တရုတ်နိုင်ငံကို အသွား တနင်္လာနေ့က ဟောင်ကောင်ကျွန်းတောင်ဘက်မှာ လှိုင်းကြီးလေထန်မှုကြောင့် နစ်မြုပ်သွားတာပါ။
သင်္ဘောပေါ်မှာ သင်္ဘောသား ၂၁ ဦးလိုက်ပါသွားရာမှာ လတ်တလော သင်္ဘောသား ၁၃ ဦးကို တခြားကုန်တင်သင်္ဘောတစ်စီးက ရှာဖွေနိုင်ခဲ့တဲ့ အကြောင်းနဲ့ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ဟောင်ကောင်နဲ့ဗီယက်နမ် ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေဆဲပဲလို့ သတင်းမှာ ဖော်ပြပါတယ်။