သဲကျောက်တင်ယာဉ် မတော်တဆ ချောင်းထဲကျ (ဓာတ်ပုံ)
DVB
·
December 26, 2016
ယနေ့မနက်ပိုင်းက သဲကျောက်တင်ယာဉ် တစီး ကလေးမြို့ တံတားဦး တံတားတဖက်ခြမ်းကနေ ဥပုသ်ချောင်းထဲကို ဖင်ပိုင်းဘက်ကနေ ပြုတ်ကျခဲ့ပါတယ်။
“ကျောက်ချရင်းနဲ့ ကျောက်ဝိတ်ကြောင့် ကားက ခေါင်းထောင်ပြီး ဖင်ဘက်ကနေ ကျသွားတာ။ အလုပ်သမားတွေက ဆင်းနေတော့ မထိခိုက်ဘူး။ ကားပေါ်မှာ ကားဆရာတစ်ယောက်တည်း ပါတယ်။ သူ့ကိုလည်း ထိခိုက်မှုမရှိဘူး ကားကတော့ တံတားလက်ရန်းပေါ် တင်နေတယ်”လို့ ဖြစ်စဉ်ကို မြင်ခဲ့ရသူ တဦးက ဆိုပါတယ်။
သဲကျောက်တင် ယာဉ်မောင်းသူက ကလေးမြို့ အောင်မြေမာန်ရပ်ကွက်နေ ကိုအေးဖြူဖြစ်ပြီး ယခုလို မတော်တဆမှုအတွက် တံတားထိခိုက်မှု အနည်းငယ်ဖြစ်ခဲ့ပြီး ယာဉ်ပိုင်ရှင်အနေနဲ့ တာဝန်ယူ ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ယာဉ်ပိုင်ရှင်က ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - မင်းရဲစစ်နိုင်