ခရစ္စမတ်နေ့ တိုင်ဖုန်းမုန်တိုင်း သတိပေးချက် ဖိလစ်ပိုင် ထုတ်ပြန်

1.7K
အခုနှစ် ခရစ်စမတ်နေ့မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကိုဖြတ်ပြီး တိုင်ဖုန်းမုန်တိုင်းဖြတ်သန်းတိုက်ခတ်မှာဖြစ်လို့
ဖိလစ်ပိုင်ပြည်သူတွေ
ဘေးကင်းရာကို ယာယီပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေကသတိပေးချက်ထုတ်ပြန်ထားပါတယ်။
တိုင်ဖုန်းမုန်တိုင်း အဆင့် ၄ သတ်မှတ်ထားတဲ့ နီနာမုန်တိုင်းဟာ မနီလာမြို့တော်နဲ့ ဘီကိုလ် Bicol ဒေသ ဖြတ်သန်းတဲ့အခါ မိုးလေပြင်းထန်ပြီး တနာရီလေတိုက်နှုန်း မိုင် ၁၅၀ အထိရှိမယ်လို့ တိုင်ဖွန်းသတိပေးဌာနက ပြောဆိုပါတယ်။
ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ မီတာလောက်ရှိမယ်လို့ အာဏာပိုင်တွေက သတိပေးထားပြီး ပင်လယ်ဆိပ်ကမ်းတွေကိုလည်း ပိတ်ထားပါတယ်။
“အင်အားပြင်းမုန်တိုင်းနဲ့ ငါးထွက်ဖမ်းရမှာ အန္တရာယ်ကြီးလွန်းတဲ့အတွက် မုန်တိုင်းလုံးဝ ပြီးသွားအောင်ပဲ စောင့်မယ်။” လို့ တံငါသည်တဦးကပြောဆိုပါတယ်။
မုန်တိုင်းဟာ တနင်္ဂနွေနေ့မနက်ပိုင်းက အရှေ့ဘက်ကမ်းလွန် ကီလိုမီတာ ၂ ရာလောက်မှာ ဗဟိုပြုတိုက်ခတ်နေပါတယ်။
“အခုနှစ်တော့ နိုင်ငံအလယ်ပိုင်းက ပြည်သူတွေအတွက်ကတော့ မိုးထဲလေထဲက ခရစ္စမတ်ပွဲပဲ ဖြစ်တော့မှာပါ။ မိသားစုတွေ ဘေးကင်းလုံခြုံရေးဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းတဲ့ ခရစ္စမတ်ဖြစ်ပါစေ။” လို့ အမျိုးသားဘေးကင်းလုံခြုံမှုအေဂျင်စီ ပြောခွင့်ရသူကပြောဆိုပါတယ်။
မနီလာမြို့တော်မှာတော့ လူတွေကို အန္တရာယ်ဖြစ်နိုင်တဲ့ လမ်းဘေး ကြော်ငြာဆိုင်းဘုတ်ကြီးတွေကို ဖြုတ်ချထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
