၂၀၁၇ တွင် ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲတွင် ထိုးသတ်ရန် နိုင်ငံခြားသားနှစ်ဦးနှင့် စာချုပ်

2.8K
မြန်မာလက်ခမောင်းအဖွဲ့က ၂၀၁၇ ခုနှစ်အတွင်း စီစဉ်ကျင်းပမယ့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွေမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် ဆွစ်ဇာလန်နဲ့ ယူဂန္ဓာနိုင်ငံသားနှစ်ဦးကို စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
မြန်မာ လက်ဝှေ့သမားတွေနဲ့ ထိုးသတ်ဖို့ စာချုပ် ချုပ်ဆိုလိုက်တဲ့ ယူဂန္ဓာနိုင်ငံသား အူမာစီမာ တာ ဟာ အသက် ၂၉ နှစ်ရှိပြီး မွေထိုင်းနိုင်ငံတကာပြိုင်ပွဲ စူပါမစ်ဒယ် ၀ိတ်တန်းချန်ပီယံဖြစ်ပြီး တိုက်ခိုက်ရေး ပြိုင်ပွဲစုစုပေါင်း ၆၅ ပွဲမှာ ၄၁ ပွဲနိုင် ၄ ပွဲသရေကျပြီး ပွဲ ၂၀ ရှုံးနိမ့်ခဲ့တယ်လို့သိရပါတယ်။
၂၀၁၇ ခုနှစ်အတွင်းမှာ ရိုးရာလက်ဝှေ့ပွဲတွေ ကျင်းပမယ့် မြန်မာလက်ခမောင်းအဖွဲ့ဟာ ဆွစ်ဇာ လန်နိုင်ငံသား ကစ်ဘောင်ဆင်ချန်ပီယံ လူဘာကိုလည်း ရိုးရာလက်ဝှေ့ပွဲတွေအတွက် စာချုပ်ချုပ် ဆိုထား ပါတယ်။
အသက် ၂၄ နှစ်ရှိလူဘာဟာ ဆွစ်ဇာလန်ကစ်ဘောက်ဆင် ချန်ပီယံနှစ်ကြိမ်ရရှိထားပြီး ၄၃ ပွဲမှာ ၃၈ ပွဲနိုင် ၅ ပွဲရှုံးနိမ့်ထားတယ်လို့သိရပါတယ်။
[gallery ids="181201"]
မြန်မာလက်ခမောင်းအဖွဲ့ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ အပတ်စဉ်မျိုးဆက်သစ်လက် ဝှေ့ပွဲတွေ ကျင်းပမှာဖြစ်သလို နိုင်ငံတကာ လက်ဝှေ့စိန်ခေါ်ပွဲတွေကိုလည်း တလတစ်ကြိမ်လောက် စီစဉ်ကျင်းပသွားမယ်လို့သိရပါတယ်။
မြန်မာလက်ခမောင်းအဖွဲ့က စီစဉ်ကျင်းပမယ့် ရိုးရာလက်ဝှေ့ ပွဲတွေအတွက် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းအပါအ၀င် အကြီးတန်း လက်ဝှေ့ကစားသမားတွေ ဖြစ်တဲ့ တူးတူး၊ စိုးလင်းဦး တို့ကိုလည်း တနှစ် စာချူပ်ချုပ်ဆိုထားပါတယ်။