ၾသစေၾတးလ် အမျိုးသမီးငယ် နှစ်ဦး အသတ်ခံရမှု နှစ် ၂၀ ကျော်ကြာ စုံစမ်းဖော်ထုတ်ခဲ့ရ

သြစတြေးလျနိုင်ငံ ပါ့သက်မြို့မှာ အမျိုးသမီးငယ်နှစ်ဦး အသတ်ခံရတဲ့အမှုကို အနှစ် ၂၀ ကျော်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အမျိုသားတဦးကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ခက်ခဲရှုပ်ထွေးတဲ့ ဒီအမှုကို အနှစ် ၂၀ ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ရပြီး DNA စမ်းသပ်ချက်ပေါင်း ထောင်နဲ့ချီပြီး ပြုလုပ်ခဲ့ရပါတယ်။ အများစု အစစ်ခံရတာကတော့ Taxi မောင်းသူတွေ ဖြစ်ပါတယ်။ အခုနောက်ဆုံး အသက် ၄၈ နှစ်အရွယ်ရှိ Bradley Edwards ဆိုသူကို စွဲချက်တင်လိုက်တြာ်ဖစ်ပါတယ်။ သူ့ကို ၁၉၉၆ ခုနှစ် သြဂုတ်လမှာ အသတ်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ်ရှိ  Jane Rimmer နဲ့ အသက် ၂၇ နှစအအရွယ်ရှိ Ciara Glennon တို့ကို သတ်ဖြတ်မှုနဲ့ စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သြစတြေးလျအနောက်ခြမ်း ရဲကော်မရှင်နာမင်းကြီး KARL O'CALLAGHAN က “သြစတြေးလျအနောက်ခြမ်း ရဲတပ်ဖွဲ့ဟာ ဒီရှည်လျားတဲ့အမှုအတွက် ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုကို လုပ်နိုင်ခဲ့ပါတယ်။ အထူးရာဇ၀တ်မှု စုံစမ်းရေးအဖွဲ့က စုံထောက်တွေဟာ Jane Rimmer နဲ့ Ciara Glennon တို့ကို သတ်ဖြတ်မှု၊ အခြားအမျိုးသမီးနှစ်ဦးအပေါ် တိုက်ခိုက်မှုတွေနဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦးကို စွဲချက်တင်လိုက်ပါပြီလို့ ရှင်းပြခဲ့ပါတယ်။ အဲဒီနောက်ဆက်ပြီး “လုပ်စရာတွေ အများကြီးရှိသေးပေမယ့် ဒီအမှုဟာ သြစတေးလျအနောက်ခြမ်း ရဲတပ်ဖွဲ့သမိုင်းမှာ အကြီးဆုံးနဲ့ အရှုပ်ထွေးဆုံး စုံစမ်းစစ်ဆေးမှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး ရဲအရာရှိ ရာနဲ့ချီပြီး အလုပ်လုပ်ခဲ့ရပါတယ်။ ဒီစုံစမ်းထောက်လှမ်းမှုကို Marco စစ်ဆင်ရေးလို့ အမည်ပေးပြီး ထောက်လှမ်းမှုပေါင်း ထောင်နဲ့ချီပြီး လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပါဘူး” လို့ ရှင်းပြသွားပါတယ်။ ရဲကော်မရှင်နာမင်းကြီး KARL O'CALLAGHAN က “ရာဇ၀တ်မှုတွေက သြစတြေးလျအနောက်ခြမ်းလူထုကို တုန်လှုပ်စေခဲ့ပါတယ်။ လူထုရော မီဒီယာတွေကပါ အမြင့်ဆုံး စိတ်ဝင်စားမှု ရှိနေတယ်ဆိုတာကို ရဲတပ်ဖွဲ့က နားလည်ပါတယ်။ အခုတော့ အမျိုးသားတဦးကို စွဲချက်တင်လိုက်နိုင်ပါပြီ ”လို့ ရှင်းပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up