မန်ယူအသင်း ချန်ပီယံလမ်းကြောင်းပေါ် ရှိနေဆဲဟု ဖာဒီနန်ပြော

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ်မှာရှိသေးပြီး လာမယ့်ဘောလုံးရာသီမှာ ပိုကောင်းလာလိမ့်မယ်လို့ ကစားသမားဟောင်း ဖာဒီနန်က သုံးသပ်ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်းနဲ့ ၁၃ မှတ်အထိ ကွာဟနေပေမယ့် ချန်ပီယံဆုကို မျှော်လင့်လို့ရတယ်လို့ နောက်တန်းကစားသမားဟောင်း ဖာဒီနန်က ဆိုပါတယ်။ မန်ယူအသင်းဟာ ရာသီအစ ရလဒ်ဆိုးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အသင်း ၆ သင်း လောက် အပြိုင်လုရမှာဖြစ်ပြီး မန်ယူအသင်းအနေနဲ့ လက်ရှိရလဒ်ကောင်းတွေကို ဆက်ထိန်းထားဖို့ လိုတယ်လို့လည်း ဖာဒီနန်ကဆိုပါတယ်။ အသက် ၃၈ နှစ်ရှိ မန်ယူနောက်တန်း ကစားသမားဟောင်း ဖာဒီနန် ဟာ ၂၀၁၄ ခုနှစ်က မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် QPR အသင်းမှာ တစ်ရာသီကစားခဲ့ကာ ၂၀၁၅ ခုနှစ်မှာ ကစားသမားဘ၀က အနားယူခဲ့တာဖြစ်ပါတယ်။

More News
Up