ကားတစီးပေါ် အမျိုးသားတဦး၏ ဘောင်းဘီအိတ်တွင်းမှ အီးစီးကရက် ကြောက်မက်ဖွယ် ပေါက်ကွဲ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အမျိုးသားတဦးဟာ အများပြည်သူသုံး ဘတ်စ်ကားတစီးပေါ်မှာ စီးနင်းလိုက်ပါလာချိန် သူ့ရဲ့ ဘောင်းဘီအိတ်တွင်း သယ်ဆောင်လာတဲ့ အီးစီးကရက်ဟာ ကြောက်မက်ဖွယ် ပေါက်ကွဲခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဲဒီအမျိုးသားမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကာ ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာပါ။ မျက်မြင်တွေ့ရှိတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးကတော့ အဲဒီ အီးစီးကရက်ဟာ ရုတ်တရက် အပူလွန်ကဲပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မီးသတ်ကယ်ဆယ်ရေးသမားတွေကို ပြောပါတယ်။ အဲဒီအီးစီးကရက် ပေါက်ကွဲမှုဖြစ်ချိန်မှာ အဆိုပါအမျိုးသားဟာ အလန့်တကြား ထခုန်ခဲ့ပြီး ကားပေါ်ပါ ခရီးလည်တွေလည်း အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ အေဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကားပေါ်ပါ တခြားခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ပေမယ့် အဲဒီအမျိုးသားမှာတော့ ညာဘက်ပေါင်နဲ့ လက်မှာ လောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up