Live
Home
မြန်မာသတင်း
စစ်တပ်က တရားစွဲထားသည့် တောင်သူ ၇၂ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ လစီအမိန့်ချ
DVB
·
December 22, 2016
စစ်တပ်က တရားစွဲထားတဲ့ တောင်သူ ၇၂ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လစီ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာ တောင်သူ ၉၆ ဦးကို ပုဒ်မ ၄၄၇၊ ၄၂၇ နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တရားစွဲထားတာကို ဒီဇင်ဘာ ၂၂ ရက်နေ့က တောင်ကြီးမြို့နယ်တရားရုံးမှာ အမိန့်ချလိုက်တာဖြစ် ပါတယ်။ တောင်သူ မ ၃၂ ဦး ကျား ၄၀ ဦးကို ထောင်ဒဏ်တလစီချလိုက်ပြီး အသက် ၇၀ ကျော် တောင်သူ ၅ ဦးကို ငွေဒဏ် ၂ သောင်းနဲ့ အသက်မပြည့်တဲ့မိန်းကလေး ၁ ဦးကို ငွေဒဏ် ၅၀၀ နဲ့ တောင်ကြီးမြို့နယ်တရားရုံးက အမိန့်ချလိုက်ပါတယ်။ တောင်သူ ၉၆ ဦးမှာ ၃ ဦးက တရားခွင်မှာပျက်ကွက်တဲ့အတွက် တရားရုံးက တရားခံပြေးဖြင့် အမိန့်ချလိုက်တာဖြစ်ပါတယ်။ တောင်သူ ၉၆ ဦး ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၅ နဲ့ ဩဂုတ်လ ၂၀၁၆ ခုနှစ်က ပုဒ်မ ၄၄၇၊ ၄၂၇ အကျိုးဖျက်ဆီးမှုနဲ့ ပိုင်နက်ကျူးကျော်မှုနဲ့ အမှုပေါင်း ၂၂ မှု၊ ရုံးချိန်းပေါင်း ၄၁ ချိန်းကို တကြိမ်တည်း အမိန့်ချတာဖြစ်ပါတယ်။ သတင်း - ခွန်ရာဇာ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024