Home
မြန်မာသတင်း
သီပေါမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်
ခွန်ဇော်ဦး
·
December 22, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် ဒေသခံ ၂ ထောင်နီးပါး သီပေါမြို့ပေါ်ကို ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ သီပေါမြို့က သာသနာ ၂၅၀၀ ကျောင်းတိုက်၊ တာပုက်ကျောင်းတိုက်၊ မိုးတေကျောင်း၊ ဘော်ကြိုဘုရားဝန်းနဲ့ မာန်ကောင်းစာသင်ကျောင်းအနီးက လယ်ကွင်းမှာ စစ်ရှောင်စခန်း ၅ ခု ဖွင့်လှစ်ထားပြီး စစ်ရှောင် ၂၀၀၀ နီးပါးရှိပါတယ်။ နမ္မတူမြို့မှာတော့ အရင်ကဖွင့်လှစ်ထားတဲ့ ကချင်စစ်ရှောင်စခန်းတစ်ခုရှိပြီး လက်ရှိအနေနဲ့ ရွှေမြင်သာကျောင်း တိုက်နဲ့ လီဆူစစ်ရှောင်စခန်းတို့ ဖွင့်လှစ်ထားပါတယ်။ နမ္မတူမြို့နယ်၊ ပင်လုံကျေးရွာအုပ်စုနဲ့ သီပေါမြို့နယ်၊ ပန်ခါးတောင်ဘက်မှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)နဲ့ တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် အဲ့ဒီကျေးရွာတွေဘက်က စစ်ရှောင်ပြည်သူ ၂၀၀၀ နီးပါးဟာ သီပေါမြို့နဲ့ နမ္မတူမြို့ဘက်ကို တိမ်းရှောင်နေရပါတယ်။ RCSS/SSA နဲ့ PSLF/TNLA တပ်ဖွဲ့တွေကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတဲ့ ပန်လုံကျေးရွာက ရွာသားတွေကတော့ နမ္မတူမြို့နယ် မန်စံကျေးရွာက ကုန်းကုလားကျောင်းနဲ့ မာန်အောင်ကျောင်း တိုက်မှာ ခိုလှုံနေကြပါတယ်။ အဲဒီကျောင်းတိုက် ၂ ခုမှာ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိနေပါတယ်။ လက်ရှိ ရှမ်းပြည်နယ်ရဲ့ ဆောင်းရာသီဟာ အေးလွန်တာကြောင့် စစ်ရှောင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တွေ လိုအပ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024