Home
မြန်မာသတင်း
မကွေးမြို့ စားသုံးဆီသိုလှောင်ရုံ မီးလောင်
DVB
·
December 22, 2016
မကွေးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်း ၉ လမ်းနဲ့ ယုဇနလမ်းထောင့်ရှိ စားသုံးဆီသိုလှောင်ရုံမှာ ဒီနေ့မနက်အစောပိုင်း ၂ နာရီခွဲလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပါတယ်။ ဦးမိုးကျော် ပိုင်ဆိုင်တဲ့ ရတနာစိုးပွဲရုံမှာ မီးလောင်ကျွမ်းခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပွဲရုံအတွင်း မန်နေဂျာ ဦးရန်နိုင်စိုး အသက် ၃၅ နှစ်က လျှပ်စစ်မီးဖိုနဲ့ ၀က်အူချောင်း ကြော်ထားပြီး အိပ်ပျော်သွားရာမှ ဆီအပူလွန်ကဲရာ အနီးရှိ စားဆီပုံးတွေကို ကူးစက်လောင်ကျွမ်းခဲ့ တာလို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က မီးငြှိမ်း သတ်ယာဉ် ၁၂ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၁ စီး၊ ဆည်မြောင်း ရေသယ်ယာဉ် ၁ စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် ၁ စီး ပေါင်း ၁၉ စီးနဲ့ သွားရောက်ငြိမ်းသတ်ခဲ့လို့ မနက် ၃ နာရီခွဲမှာ မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထာါးပတယ်။ မီးလောင်မှုကြောင့် ၄၀×၆၀ ပေသွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦ ၁ လုံး၊ ၅၀×၆၀ ပေ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းအဆောက်အဦ  ၁ လုံး၊ ၁၅×၃၀ ပေသွပ်မိုး၊ မြေစိုက်(အကာမပါ) ဂိုထောင် ၁ လုံး၊ ပေါင်း ၃ လုံး မီးလောင်ကျွမ်းခံရပြီး မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024