အဲဗာတန်အသင်းက တိုက်စစ်မှူး လူကာကူကို နှစ်ရှည်စာချုပ်သက်တမ်း တိုးနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။
တိုက်စစ်မှူး လူကာကူကို အဲဗာတန်ကနေ အသင်းရဲ့ စံချိန်တင် လစာပေးပြီး ညှိနှိုင်းနေတယ်လို့ သတင်းတွေမှာ ခန့်မှန်းထားပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘယ်ဂျီယံတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းကနေ ပေါင် ၂၈ သန်းနဲ့ အဲဗာတန်ကို ရောက်ရှိလာတာပါ။
လောလောဆယ်မှာ ၁ ပတ်ကို လုပ်ခလစာ ပေါင် ၇ သောင်းခွဲ ရထားပါတယ်။
စာချုပ်သစ်မှာတော့ တပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်းလောက် ရနိုင်ဖွယ် ရှိနေပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ဒီနှစ် ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၉ ဂိုး သွင်းယူထားပါတယ်။