ရော့ကက်လောင်ချာ စမ်းသပ်လေ့ကျင့်မှု မြောက်ကိုရီးယားခေါင်းဆောင် စစ်ဆေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရော့ကက်လောင်ချာ စမ်းသပ်တဲ့ စစ်ရေး လေ့ကျင့်မှုတခု သွားရောက်စစ်ဆေးခဲ့တဲ့ သတင်းကို နိုင်ငံပိုင်ရုပ်သံ (ကေအာတီ) က ထုတ်ပြန်ပါတယ်။ သတင်းအရ ကင်ဂျုံအန်းက သူ့တပ်ကို အမိန့်ပေးရာမှာ အမှန်တကယ် စစ်ပွဲတခုမှာ တိုက်ခိုက်နေရတဲ့ စိတ်နေစိတ်ထားမျိုးနဲ့ လေ့ကျင့်ဖို့ လိုတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခဲ့တဲ့နေရာနဲ့ အချိန်ကိုတော့ ထုံးစံအတိုင်း သတင်းမှာ ပြောမသွားပါဘူး။ မြောက်ကိုရီးယားဟာ စက်တင်ဘာလအတွင်းမှာ အကြီးမားဆုံး နျူကလီးယား စမ်းသပ်မှုကို ၅ ကြိမ်မြောက် ပြုလုပ်ခဲ့လို့ ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခံထားရပါတယ်။

More News
Up