ဟိန္ဒားသတ္တုတွင်းတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ နစ်နာမှု သတင်းစာရှင်း
DVB
·
December 21, 2016
ဟိန္ဒားသတ္တုတွင်း တူးဖော်ရေးလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေ ထိခိုက်နစ်နာမှုတွေကို ဒီဇင်ဘာလ ၂၁ ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒေသခံတချို့နဲ့ ရှေ့နေတချို့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
အဲဒီသတ္တုတွင်းကို ထိုင်းကုမ္ပဏီတွေက လာရောက်လုပ်ကိုင်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒီသတ္တုတူးဖော်တာကို ထားဝယ်မြို့နယ် မြောင်ပြိုရွာသား ၉ ဦးက တရားစွဲဆိုထားပါတယ်။
သတ္တုတူးဖော်မှုကြောင့် နစ်နာတာတွေကို ဒေသခံ ၉ ဦးက နစ်နာကြေး ရရှိတဲ့အထိ ဆက်လက်တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။