Home
မြန်မာသတင်း
၃ လသားကလေးဗိုက်ထဲရှိ သုံးမြွှာပူး သန္ဓေသားများကို နေပြည်တော်တွင် ခွဲစိတ်ကုသ
DVB
·
December 21, 2016
၃ လသားအရွယ် ယောက်ျားကလေးတဦးရဲ့ ဗိုက်ထဲရှိ သုံးမြွှာပူး သန္ဓေသားများကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်လိုက်တယ်လို့ မြဝတီသတင်းမှာ ရေးသားဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၉ ရက်က ခွဲစိတ်ကုသခဲ့တာဖြစ်ပြီး အဲ့ဒီကလေးငယ်ရဲ့ ဗိုက်ထဲရှိ အစိတ်အပိုင်းတခုကပဲ လူပုံသဏ္ဍာန်ရှိပြီး ကျန်တဲ့ ၂ ခုက လူခန္ဓာအစိတ်အပိုင်းအဖြစ် ပြည့်စုံမှု မရှိဘူးလို့ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်နော်မာသေးကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဦးက ကလေးငယ်ကို မွေးဖွားပြီး ၁ လခွဲခန့်မှာ ဝမ်းဗိုက် ရောင်ရမ်းလာလို့ မန္တလေးကလေးဆေးရုံကြီးမှာ ပြသခဲ့ရာ ကလေးငယ်ရဲ့ဗိုက်ထဲ သန္ဓေသားလို့ ယူဆရတဲ့ အသားလုံးသုံးခုရှိနေတာ တွေ့ရလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ခွဲစိတ်ကုသခဲ့တာ ဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာ ဒေါ်နော်မာသေးက ဒီလိုဖြစ်စဉ်မျိုးဟာ လူဦးရေ ၅ သိန်းမှာ ၁ ဦးသာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024