ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မောင်တောဒေသသို့ ရောက်ရှိနေ
DVB
·
December 20, 2016
အောက်တိုဘာလဆန်းပိုင်းကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ မောင်တောဒေသ ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပထမဆုံး မောင်တောခရီးဖြစ်ပြီး မောင်တော၊ ကျီးကန်းပြင်စခန်းရှိ ရဲတပ်ဖွဲ့ဝင်များနဲ့ မိသားစုများကို တွေ့ဆုံ စကားပြောခဲ့တယ်လို့ သူ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
ဒီနေ့မှာပဲ ဗိုလ်ချုပ်မှူးကြီးဟာ မောင်တောမြို့နယ်အတွင်းရှိ ဗန္ဓုလကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေ က တိုင်းရင်းသားတွေက ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ပါတယ်။