ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသားဦးရေ လစဉ်တိုးတက်
DVB
·
December 20, 2016
၂၀၁၆ ခုနှစ်အတွင်း ရွှေတိဂုံစေတီတော်ကို လာရောက်တဲ့ နိုင်ငံခြားသားဦးရေ လစဉ်တိုးတက်လာပြီး တရက်ကို ပျမ်းမျှ နိုင်ငံခြားသားဦးရေ ၁၀၀၀ ကျော်အထိ ဝင်ရောက်နေတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်အထိ ဝင်ရောက်တဲ့ နိုင်ငံခြားသားဦးရေ စုစုပေါင်း ၅ သိန်း ၁ သောင်းကျော် ဝန်းကျင် ရှိနေပါတယ်။
ရွှေတိဂုံစေတီတော်ရဲ့ တရက်ပျမ်းမျှအလှူငွေ ကောက်ခံရရှိမှုဟာလည်း တရက်ကို အလှူငွေ သိန်း ၂၀ ကျော်ရရှိတယ်လို့ ဂေါပကအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဂေါပကအဖွဲ့အနေနဲ့ နိုင်ငံခြားသားဝင်ကြေး တဦးကို ၈၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံဖို့ လျာထားပေမယ့် လက်ရှိအချိန်မှာ မူလကောက်ခံတဲ့ ၈၀၀၀ ကျပ်သာ ကောက်ခံသွားမှာဖြစ်ပြီး တိုးမြှင့်ကောက်ခံခြင်း မပြုတော့ဘူးလို့ ဂေါပကအဖွဲ့က ဆိုပါတယ်။