Homeမြန်မာသတင်း
နယ်စပ်ကုန်သွယ်ရေးစခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်ပေးရန် တရုတ်အစိုးရတောင်းဆိုမှုကို ငြင်းဆို
နယ်စပ်ကုန်သွယ်ရေးစခန်း နေရာပြောင်းရွှေ့ဖွင့်လှစ်ပေးရန် တရုတ်အစိုးရတောင်းဆိုမှုကို ငြင်းဆို
DVB
·
December 19, 2016
ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းကို နေရာပြောင်းရွှေ့ဖွင့်လှစ်ပေးဖို့ တရုတ်အစိုးရရဲ့ တောင်းဆိုမှုကို ငြင်းဆိုလိုက်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကနေ သတင်း ရရှိပါတယ်။
ကုန်သွယ်ရေးစခန်းတွေ နေရာရွှေ့ပြောင်းတာမှာ မလွယ်ကူပဲ လိုအပ်ချက်တွေရှိနေတဲ့အပြင် လတ်တလော အဲ့ဒီကုန်သွယ်ရေး စခန်းနေရာက အဆင်ပြေနေတဲ့အတွက် ငြင်းဆိုလိုက်တာဖြစ် တယ်လို့ ၀န်ကြီးဌာနရဲ့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုပါတယ်။
တရုတ်အစိုးရက ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို တရုတ်ဘက်မှာ တည်ထောင်ထားတဲ့ ရင်ကျန်း ဗဟိုစီးပွားရေးဇုန်အနားမှာ ပြောင်းရွှေ့ဖွင့်လှစ်ပေးလို့ သြဂုတ်လ နောက်ဆုံးအပတ်က တောင်းဆိုခဲ့ တာပါ။
လက်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မူဆယ် လေးခုကနေ မြန်မာ့လယ်ယာ ထွက်ကုန်နဲ့ ရေ ထွက်ကုန်တွေကို အများဆုံး ကုန်သွယ်မှု ပြုလုပ်နေပါတယ်။
သတင်း - AMIA