ခရစ္စမတ်အကြို ငါးများနှင့် အတူတူကူးခတ် ဖျော်ဖြေခဲ့သည့် စန်တာကလော့စ် (ရုပ်သံ)

ခရစ္စမတ်ပွဲတော်အကြိုအနေနဲ့ ငါးပြတိုက်တွေကို လာရောက်လည်ပတ်ကြည့်ရှုတဲ့ အရွယ်မရွေးဧည့်သည်တွေ ပျော်ရွှင်စေဖို့အတွက် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့နဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တွေဆီက ငါးပြတိုက်တွေထဲမှာ စန်တာကလော့စ် ခရစ္စမတ်ဘိုးဘိုးကြီးလို ဝတ်ဆင်ပြီး ပြတိုက်ငါးကန်တွေထဲ ငါးတွေနဲ့အတူကူးခတ်တာ အစာကျွေးတာတွေ စတဲ့အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်ခဲ့တာဟာ တောင်ကိုရီးယားနိုင်ငံက ဆိုးလ်မြို့ငါးပြတိုက်မှာပါ။ ဆန်တာကလော့စ်က ရေငုပ်ဝတ်စုံကို ဝတ်ဆင်၊ ပြတိုက်ထဲက ဆာဒင်းငါးတွေ လှောင်ထားတဲ့ ကန်ထဲမှာ ငါးတွေနဲ့အတူ ရေဆင်းကူးပြီး ဒီငါး ၂ သောင်းလောက်အတွက် အစားတွေသယ်ဆောင် ကျွေးခဲ့တာပါ။ ခရစ္စမတ်အကြို ရာသီအချိန်မှာ ငါးပြတိုက်ကို လာကြည့်တဲ့ ဧည့်သည်များစွာရှိပြီး ဧည့်သည်တွေထဲက တစ်ဦးက “ကျနော့်သမီးက ငါးတွေကို ချစ်တော့ ကျနော်တို့ မိသားစု ဒီကို ခဏ ခဏ လာဖြစ်တယ်။ ဒီကနေ့ ကျနော်တို့အတွက်တော့ တကယ့်ကို ပျော်စရာပဲ၊ ခရစ္စမတ်အတွက် ပြတိုက်ထဲမှာ ဒီလိုပွဲလေးလုပ်ထားလို့ ကျေးဇူးပါပဲ” လို့ ပြောသွားပါတယ်။ စန်တာကလော့စ်ကြီးက ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ငါးပြတိုက်ထဲကို လာရောက်လည်ပတ်တဲ့ အစီအစဉ်ကိုလည်း ပါရီငါးပြတိုက်ထဲ စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။ လာရောက်ကြည့်ရှုတဲ့ ဧည်သည်တွေထဲက တစ်ဦးက “ကျမသမီးလေးအတွက် ခရစ္စမတ်ဘိုးဘိုးကြီးကို ငါးပြတိုက်ထဲမှာ ဒီလိုမြင်ရတာက ပထမဦးဆုံးအကြိမ်ပဲလေ” ဒီလို ဆန်တာရဲ့ မုတ်ဆိတ်တွေနဲ့ ရေတွေ ပလုံစီထနေတာကို မြင်ရတာက တကယ့်ကို အံ့သြစိတ်လှုပ်ရှားစရာပဲ ဒါက လှလည်းလှတယ်လို့ ဆိုပါတယ်။ ငါးပြတိုက်ထဲမှာ ကလေးတွေကလည်း စန်တာကလော့က ငါးတွေလှောင်ထားတဲ့ ရေထဲဆင်းပြီး ကူးခတ်လည့်ပတ်သွားနေတာကို ကြည့်ရှုနေကြပါတယ်။

More News
Up