ဗင်နီဇွဲလား ၁၀၀ တန် ငွေစက္ကူများ ပြန်သိမ်းဆည်းမှု ဇန်န၀ါရီ ၂ ရက်အထိ နောက်ဆုတ်

908
ဗင်နီဇွဲလားနိုင်ငံမှာ ၁၀၀ တန် ငွေစက္ကူတွေကို ပြန်လည်သိမ်းဆည်းမှုကို လာမယ့်ဇန်န၀ါရီလ ၂ ရက်နေ့အထိ နောက်ဆုတ်လိုက်ပါတယ်။
ဒီ ၁၀၀ တန်အစား အရွက်ကြီးတွေနဲ့ အစားထိုးဖို့ဖြစ်ပေမယ့် အဲဒီငွေစက္ကူတွေ ဘဏ်တွေ ဆီ အချိန်မီမရောက်ဘူးလို့ သမ္မတ မာဒူရိုကပြောဆိုပါတယ်။
အဲဒီလိုဖြစ်အောင် ပြည်ပနိုင်ငံတွေက နှောင့်ယှက်နေတယ်လို့လည်း မာဒူရိုက စွပ်စွဲပါတယ်။
ဒီ ၁၀၀ တန်ငွေစက္ကူတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး တရားမ၀င်ငွေစက္ကူအဖြစ် ပထမက ကြေညာခဲ့တာပါ။
အဲဒီအချိန်ကစပြီး စီးပွားရေးလုပ်ငန်းတွေ၊ ပရမ်းပတာဖြစ်နေပြီး ငွေစက္ကူသစ်တွေနဲ့ လဲလှယ်ဖို့ ဗင်နီဇွဲလားပြည်သူတွေ ရက်တွေနဲ့ချီ စောင့်ဆိုင်းကြရပါတယ်။
ဆိုင်တွေမှာ ငွေစက္ကူပြတ်လပ်မှုတွေဖြစ်နေတဲ့အတွက် ဆိုင်အများအပြားပိတ်ထားကြရပြီး အများပြည်သူတွေဟာ ငွေအကြွေဝယ်ကပ်တွေ၊ ဘဏ်ငွေလွှဲစနစ်တွေကို အားကိုးနေရတာပါ။
ဝယ်စရာ ငွေစက္ကူမရှိတဲ့အတွက် အစားအသောက်တွေလည်း မ၀ယ်ယူနိုင်ကြပါဘူး။
ဒါကြောင့် မြို့ကြီး ၆ မြို့မှာ ပဋိပက္ခတွေဖြစ်ခဲ့ကြတဲ့အတွက် လူ တယောက် ဒဏ်ရာရခဲ့ပြီး ၃၂ ယောက် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။
ကာရာကတ်မြို့တော်မှာတော့ မြို့ခံတွေ ၁၀၀ တန်ငွေစက္ကူတွေကို တန်ဖိုးမရှိငွေစက္ကူတွေဆိုပြီး လွှင့်ပစ်ခဲ့ကြပြီး ရဲတွေနဲ့လည်း ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
၁၀၀ တန်ငွေစက္ကူဟာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ အပြင်ပေါက်ဈေး ၄ ဆင့်ပဲရှိပါတယ်။