ခရစ္စတယ်ပဲလေ့စ် ၀-၁ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

1.7K
စနေနေ့ညက အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ ခရစ္စတယ် ပဲလေ့စ်ကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရ သွားပါတယ်။
ချဲလ်ဆီးအတွက် အနိုင်ဂိုးကို ၄၃ မိနစ်မှာ တိုက်စစ်မှူး ကော်စတာက သွင်းယူပါတယ်။ ဒီပွဲမှာ ခရစ္စတယ် ပဲလေ့စ်က ဘောလုံးပိုင်ဆိုင်မှု ပိုသာပေမယ့် ချဲလ်ဆီးက ထိုးဖောက် ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။
ချဲလ်ဆီးအတွက်တော့ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်တဲ့ ချဲလ်ဆီးက ၄၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေပါတယ်။ ခရစ်စတယ် ပဲလေ့စ်ကတော့ ၁၅ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။