ပရီးမီးယားလိဂ် ၀က်စ်ဘရွန်း ၀-၂ မန်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက အဝေးကွင်းမှာ ၀က်စ်ဘရွန်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချန် ၅ မိနစ်နဲ့ ၅၆ မိနစ်တွေမှာ အီဗရာဟင်မိုဗစ် တဦးတည်းက ၂ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၃၀ နဲ့ အဆင့် ၆ မှာ ရပ်တည်နေပြီး ၀က်စ်ဘရွန်းအသင်းကတော့ ရမှတ် ၂၃ နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။

More News
Up