ပတ္တယားကမ်းခြေတွင် နိုင်ငံခြားသား အလောင်းတလောင်းတွေ့

1.3K
ထိုင်းနိုင်ငံ ခိုလန်းကျွန်းအနီး ရေထဲရှိ ကွန်ကရစ်တိုင်မှာ ကြိုးနဲ့ချည်ခံထားရပြီး သေဆုံးနေတဲ့ နိုင်ငံခြားသားတဦးရဲ့အလောင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။
၁၇၀ နဲ့ ၁၇၅ စင်တီမီတာအကြားရှိ အရပ်အမြင့်ရှိတဲ့ လူဟာ ခန္ဓာကိုယ်တည်ဆောက်ပုံကို ကြည့်ခြင်းအားဖြင့် အနောက်နိုင်ငံသားတဦး ဖြစ်မယ်လို့ ယူဆရကြောင်း ရဲကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီလူဟာ Mares တံဆိပ် ရေငုတ်ဝတ်စုံနဲ့ ဖိနပ်တွေကို ဝတ်ဆင်ထားပြီး သူ့ကိုယ်ထဲကနေ ထိုင်းဘတ်ငွေ ၁၅၀၀ ကို တွေ့ခဲ့ရပြီး သေတဲ့သူရဲ့ လည်ပင်းဟာ ဓားနဲ့လှီးဖြတ်ခံထားရတယ်လို့ ရဲကပြောပါတယ်။
ဒီအလောင်းကို နိုင်ငံခြားသားတွေ အလာများတဲ့ ကျွန်းတစ်ခုဖြစ်တဲ့ ဆမဲကမ်းခြေမှာ တွေ့ခဲ့တာ ဖြစ်ပြီး သေဆုံးသူ အမျိုးသား လွယ်ထားတဲ့ ကျောပိုးအိတ်ကို ရေထဲရှိ ဘောရဲ့ကွန်ကရစ်တိုင်မှာ ချည်ထားတယ်လို့ ဆိုပါတယ်။
ပတ္တယားရဲချုပ်က သေဆုံးတဲ့အကြောင်းတရားကို မသိရှိရသေးပေမယ့် ဒီကိစ္စဟာ ပုံမှန် သေတာမျိုး ဟုတ်ပုံမရဘူးလို့ ပြောပါတယ်။ ပတ္တယားရဲစခန်းမှာ လူပျောက်တိုင်ကြားခံရတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။
အလောင်းကို ခွဲစိတ်စစ်ဆေးနိုင်ဖို့အတွက် ကယ်ဆယ်ရေးဝန်ထမ်းများမှ ဘန်ကောက်မြို့ ရဲဌာနအထွေထွေ ဆေးရုံရှိ Institute of Forensic Science ဌာနကို အလောင်း ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။