Home
အနုပညာ
ကဗျာဆရာတင်မိုး အောက်မေ့ဖွယ် ကျောက်တုံး တောင်လေးလုံးကျောင်း​တွင် ဖွင့်လှစ်
ရွှေအောင်
·
November 18, 2011
ကဗျာဆရာတင်မိုး​ ​အောက်မေ့ဖွယ်​ ​ကျောက်တုံးကို မန္တလေးတိုင်း၊ အမရပူရမှာရှိတဲ့ ​တောင်လေးလုံးကျောင်းမှာ နိုဝင်ဘာ ၁၈ ရက်နေ့က​ ​ဖွင့်လှစ်လိုက်ပါတယ်။ ဆရာတင်မိုး အောက်မေ့ဖွယ်​ ကျောက်တုံးကို ဆရာမောင်သစ်လွင်​ လူထုနဲ့ ဆရာဦးအေးမြင့်တို့​​က  မနက် ၁၁ နာရီမှာ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ ဖွင့်ပွဲတက်ရောက်လာသူတွေထဲက  စာရေးဆရာ၊ ကဗျာဆရာတွေ​ ​ဖြစ်ကြတဲ့ မောင်သစ်လွင်(လူထု)၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ တက္ကသိုလ်တေဇာလင်း၊ နေ၀င်းမြင့်၊ ညီစေမင်း၊ ဆူးငှက်၊ သိုက်ထွန်းသက်၊ စိုးနိုင်(မန်းတက္ကသိုလ်)၊ ညီပုလေး၊ ကိုထွန်းဦး(ထွန်းဦးစာပေ)တို့က တင်မိုးအမှတ်တရ စကားတွေ ပြောကြားခဲ့ကြပြီး တင်မိုးကဗျာတွေလည်း ရွတ်ဆိုခဲ့ကြပါတယ်။ တောင်လေးလုံးကျောင်းတိုက်မှ ဆရာတော် ကိုပညာ၊ လူထုသတင်းစာက သတင်းစာ ဆရာကြီးတွေ ဖြစ်တဲ့ မောင်သစ်လွင်(လူထု)၊ နတ်မောက်ထွန်းရှိန်နဲ့ ဒေသခံ စာရေးဆရာ၊ စာနယ်ဇင်းဆရာ၊ ကဗျာဆရာပေါင်း သုံးဆယ်လောက် တက်ရောက်ခဲ့ကြတယ်လို့ ဖွင့်ပွဲတက်ခဲ့တဲ့ ဆရာ နေ၀င်းမြင့်က ပြောပါတယ်။ ကဗျာဆရာတင်မိုးဟာ ၂၀၀၇ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024