Home
မြန်မာသတင်း
အခွန်အများဆုံးဆောင်သည့် လုပ်ငန်းရှင် ၅၀ စာရင်းထုတ်ပြန်
DVB
·
December 16, 2016
ယခုနှစ်အတွက် မြန်မာနိုင်ငံမှာ ဝင်ငွေခွန်အများဆုံးထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅၀ စာရင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ရာမှာ ကမ္ဘောဇဘဏ်က ကျပ်သန်း ၂ သောင်းကျော်နဲ့ အများဆုံး အခွန်ဆောင်ထားပါတယ်။ ၂၀၁၅-၁၆ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးထမ်းဆောင်တဲ့ မြန်မာကုမ္ပဏီနဲ့ လုပ်ငန်းရှင် ၁၀၀၀ အနက် ၅၀ ဦးရဲ့စာရင်းကို ထုတ်ပြန်ကြေညာထားတာဖြစ်ပြီး ကျပ်သန်းပေါင်း ၁ သောင်းအောက် ဝင်ငွေခွန်ဆောင်သူတွေထဲမှာ မြဝတီဘဏ်၊ မြဝတီထရိတ်ဒင်းနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပါဝင်ပါတယ်။ အလားတူ အခုနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးဆောင်တဲ့ မြန်မာကုမ္ပဏီနဲ့ လုပ်ငန်းရှင် ၅၀ ကိုလည်း သီးခြားထုတ်ပြန်ထားရာမှာ ဒန်ကိုကုမ္ပဏီက ကျပ်သန်းပေါင်း ၂ သောင်းကျော်နဲ့ အများဆုံး အခွန်ဆောင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။ ကျပ်သန်း ၂ သောင်းအောက် ကုန်သွယ်ခွန်ဆောင်တဲ့ ကုမ္ပဏီတွေ စာရင်းမှာတော့ ဒဂုံဘီယာ၊ မြဝတီထရိတ်ဒင်း၊ ရွှေဗျိုင်းဖြူကုမ္ပဏီ၊ Asia Energy ထရိတ်ဒင်းနဲ့ Regency Material ထရိတ်ဒင်းတို့ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024