ဗီယက်နမ်ဖိတ်ခေါ်ဖလား ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၁ အသင်း ထွက်ခွာ (ဓာတ်ပုံ)










2.4K
မြန်မာ ယူ-၂၁ အသင်းဟာ ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် ယူ-၂၁ ဖိတ်ခေါ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားဖို့အတွက် ဒီကနေ့မနက်ပိုင်းက ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။
ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပမယ့် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအသင်းက ဗီယက်နမ် ယူ-၂၁၊ ဂျပန်ကလပ် ယိုကိုဟားမားလူငယ်အသင်းတို့နဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၈ ရက်မှာ ယိုကိုဟားမားနဲ့ စတင်ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၂၀ မှာ ဗီယက်နမ် ယူ-၂၁အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။
တဘက်အုပ်စုမှာ ဗီယက်နမ်ကလပ် ဟောင်အန်ဂယ်လန် ယူ-၂၁၊ တရုတ်ကလပ် ဂန်ဝန်းအသင်းတို့ ပါဝင်နေပါတယ်။
အုပ်စုပတ်လည်ကစားအပြီးမှာ အမှတ်အများဆုံး ၂ သင်းစီ အကြိုဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အုပ်စုအောက်ဆုံး အသင်းနှစ်သင်းက အဆင့် ၅ နေရာလုပွဲ ကစားရမှာ ဖြစ်ပါတယ်။
မြန်မာ ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး လက်ရွေးစင်အသင်းက ကစားသမား ၆ ဦးနဲ့အတူ ကစားသမားစုစုပေါင်း ၂၀ ဦး ပါဝင်ပါတယ်။
လက်ရွေးစင်အသင်းက အောင်သူ၊ မျိုးကိုထွန်း၊ လှိုင်းဘိုဘိုတို့ အပါအဝင် စည်သူအောင်၊ ရှိုင်းသူရတို့ကတော့ ရတနာပုံအသင်း ယှဉ်ပြိုင်ရမယ့် တိုယိုတာမဲခေါင်ဖလားပြိုင်ပွဲရှိလို့ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။