Home
မြန်မာသတင်း
မောင်တောတွင် လက်နက်ကိုင်တစုက သေနတ်ဖောက်ပြီး အလုပ်သမားခေါင်းဆောင်ကို ဖမ်းဆီး
DVB
·
December 16, 2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာမှာ လက်နက်ကိုင်တစုက သေနတ်ပစ်ဖောက်ပြီး ရွာသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၃ ရက် ည ၁၀ နာရီလောက်မှာ သွားရောက် စစ်ဆေးခဲ့ရာ လက်နက်ကိုင် ၁၇ ဦးလောက်က သဝန်ချောင်း မြောက်ရွာနေ အလုပ်သမားခေါင်းဆောင် ဟာဘီရော်မာန်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ကိုးတန်ကောက်ကျေးရွာနေ မော်လဝီဇူပိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ ရွာရဲ့အရှေ့ဘက်က ဝင်ရောက်ပြီး ဟာဘီရော်မာန်ကို ဖမ်းဆီးကာ သူ့ရဲ့နေအိမ်နဲ့ ရွာထဲမှာ သေနတ်တချက်စီ ပစ်ဖောက် ခြောက်လှန့်ခဲ့ကာ သဝန်ချောင်းရွာသစ်ဘက်ကို ခေါ်ဆောင်ကြောင်း၊ အဲဒီအဖွဲ့မှာ သေနတ် ၂ လက် ပါရှိကြောင်း၊ ဟာဘီရော်မာန်ရဲ့ နေအိမ်မီးဖိုချောင်းမှာ ကျည်ခွံ ၁ ခု သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မောင်တောမြို့နယ် လိပ်အိုင်ရွာအနီး နယ်မြေရှင်းလင်းစဉ် ဓနိတောထဲ ဝှက်ထားတဲ့ အလျားပေ ၉၀၊ အနံ ၄ ပေခွဲရှိ ပြောက်ကျားယူနီဖောင်းစ ပိတ်အုပ် ၂ အုပ် သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ အဲဒီနေ့ ညနေပိုင်းမှာလည်း မယင်းတောင်နဲ့ မျောတောင်အနီး ခြုံအတွင်းမှ ဆာလာအိတ်နဲ့ထုပ်ထားတဲ့ လက်လုပ်မိုင်း ၂ လုံး၊ မိုင်းပြုလုပ်ရာမှာအသုံးပြုတဲ့ ကားပင်စတင်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024