မကာအိုတွင် ကြက်ငှက်တုပ်ကွေး ကူးစက်ခံရမှု အတည်ပြု

ဓာတ်ပုံ - macaudailytimes
တရုတ်နိုင်ငံ၊ မကာအိုမှာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူတဦးရှိတယ်လို့ ပထမဆုံး အတည်ပြုနိုင်ခဲ့ပြီး လူအများအပြားကို ကူးစက်နိုင်ခြေတော့ အလွန်နည်းတယ်လို့ မကာအိုအာဏာပိုင်တွေက ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။ မကာအိုဒေသခံ ကြက်ဘဲရောင်းဝယ်သူတဦး H7N9 ကြက်ငှက်တုပ်ကွး ကူးစက်ခံရတာကို ကျန်းမာရေးဌာနက စစ်ဆေးတွေ့ရှိခဲ့တာနဲ့ ချက်ချင်း သူ့ကို သီးသန့်ဆေးကုသမှု ပေးခဲ့တယ်လို့ မကာအိုကျန်းမာရေး အာဏာပိုင်တွေက သတင်းထောက်တွေကို ပြောပါတယ်။ H7N9 ရောဂါရှင်နဲ့ ဇနီးတို့ကို အသေးစိတ် မေးမြန်စုံစမ်းမှုတွေအရ သူတို့နဲ့နီးစပ်သူ များများစားစား မရှိတဲ့အတွက် လူအများအပြားကို ကူးစက်မှုမရှိနိုင်ဘူးလို့ ကျန်းမာရေးအရာရှိတွေက အတည်ပြုပြောဆိုတာပါ။ အဲဒါမတိုင်ခင် ကြက်တကောင်မှာ H7N9 ရောဂါကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ကြက်ဘဲအရှင် ရောင်းဝယ်မှုအားလုံးကို ပိတ်ပင်ဖို့ ကျန်းမာရေးအရာရှိတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။ အခုကူးစက်ခံရသူနဲ့ နီးနီးကပ်ကပ်နေထိုင်ခဲ့သူ မကာအိုဒေသခံ နောက်တဦးနဲ့ တရုတ်နိုင်ငံက ယာဉ်မောင်းသမားတဦးတို့ကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ဆေးစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။

More News
Up