အီဘရာဟီမိုဗစ်ခ်ျ၏ နောက်ကျသွင်းဂိုးဖြင့် ပဲလေ့စ်ကို မန်ယူ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ဒီဇင်ဘာ ၁၄ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျရဲ့ နောက်ကျသွင်းဂိုး အပါအဝင် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် အဖွင့်ဂိုးကို ဒီရာသီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာက ပထမပိုင်းပွဲချိန်ပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အပြတ်အသာစီး ရခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာတော့ ပဲလေ့စ်ကစားသမားတွေ အပေးအယူလုပ်ပြီး မက်အာသာက အနီးကပ်ပိတ်သွင်းပြီး ချေပဂိုးရရှိသွားပါတယ်။ မန်ယူအတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ၈၈ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကတဆင့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူအတွက် ခြေစွမ်းပြပြီး ကိုယ်တိုင် တဂိုးသွင်းပေးသလို အနိုင်ဂိုးရဖို့ ဖန်တီးပေးခဲ့တဲ့ ပေါ့ဂ်ဘာကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ မန်ယူက ၂၇ မှတ်နဲ့ အဆင့် ၆ နေရာမှာပဲ ရပ်တည်နေပြီး ပဲလေ့စ်ကတော့ ၁၅ မှတ်နဲ့ အဆင့် ၁၆ မှာ ရှိနေပါတယ်။

More News
Up