Monday, May 29, 2023
HomeLead Storyအထပ် ၃၀ အမြင့်မှ ခုန်ချ သေကြောင်းကြံစည်သူကို သက်စွန့်ဆံဖျားကယ်တင် (ရုပ်သံ)

အထပ် ၃၀ အမြင့်မှ ခုန်ချ သေကြောင်းကြံစည်သူကို သက်စွန့်ဆံဖျားကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ အထပ် ၃၀ အမြင့်ရှိတဲ့ အဆောက်အအုံတခုပေါ်ကနေ ခုန်ချ သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတဦးကို ကယ်ဆယ်ရေးသမားတွေက သက်စွန့်ဆံဖျား ကယ်တင်ခဲ့ကြရပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွီခရိုင်၊ ဆူကျိုးမြို့မှာ ဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖော်ပြပါတယ်။

အဆိုပါအမျိုးသားမှာ လူမှုရေးပြဿနာရှိနေနိုင်ပြီး ခုလို အထပ်မြင့်ကနေ ခုန်ချဖို့ ကြိုးစားခဲ့တာလို့ သတင်းက ဆိုပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကယ်ဆယ်ရေးသမားတဦးက အဲဒီအမျိုးသားအနီးကို တိတ်တဆိတ်တွားသွားပြီး သူပုန်းကွယ်နေခဲ့တဲ့ တိုင်နောက်ကို ချဉ်းကပ်သွားခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ အမျိုးသားကို နောက်ကသိုင်းဖက်ပြီး အတွင်းဘက်ကို ပြန်လှဲချဖို့ ကြိုးစားခဲ့ချိန်မှာ ကယ်ဆယ်ရေးသမားတွေနဲ့ တခြားလူတွေဟာ ကူညီဖို့ ရောက်လာခဲ့ကြတာပါ။

ဒီ့နောက် အားလုံးရဲ့အကူအညီနဲ့ အဲဒီအမျိုးသားကို ဆွဲတင်ကယ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

The Economist မဂ္ဂဇင်းမှာ ဖော်ပြတဲ့ ထုတ်ပြန်ချက်တွေအရ ၁၉၉၀ ပြည့်နှစ်တွေမှာ တရုတ်နိုင်ငံဟာ သေကြောင်းကြံစည်မှု အမြင့်မားဆုံးနိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ်က ဟောင်ကောင်တက္ကသိုလ် စစ်တမ်းတခုအရတော့ တရုတ်နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့နှုန်းဟာ အနိမ့်ဆုံးအဆင့်ထိ တဖြည်းဖြည်းချင်း လျော့ကျလာနေခဲ့တယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular