ယူရိုပါလိဂ် ရှုံးထွက်အဆင့်တွင် မန်ယူနှင့် ပြင်သစ်ကလပ် စိန့်အီသီရန် ဆုံတွေ့

ဓာတ်ပုံ - ယူအီးအက်ဖ်အေ
938
ယူရိုပါလိဂ် ရှုံးထွက်အဆင့်အတွက် မဲခွဲမှုတွေ ထွက်ပေါ်လာရာမှာ မန်ယူက ပြင်သစ်ကလပ် စိန့်အီသီရန်၊ တော့တင်ဟမ်ဟော့စပါးက ဘယ်ဂျီယံကလပ် ဂျန့်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မန်ယူဟာ ပြင်သစ်အသင်းတွေနဲ့ ဆုံဖူးတဲ့ ၁၆ ကြိမ်မှာ ၁ ကြိမ်သာ ရှုံးဖူးထားပါတယ်။
စပါးအသင်းဟာ ဂျန့်အသင်းနဲ့ တခါမှ တွေ့ဆုံဖူးခြင်း မရှိသေးပါဘူး။ စပါးဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ကျန်ခဲ့ပြီး ယူရိုပါလိဂ်ကို ရောက်ရှိလာတာပါ။
လောလောဆယ်မှာ နည်းပြ မော်ရင်ဟိုရဲ့ မန်ယူအသင်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
တခြား နာမည်ကြီးဖြစ်တဲ့ ရိုးမားအသင်းက ဗီလာရီးရဲလ်၊ ဆဲလ်တာဗီဂိုက ရှက်တာဒိုးနက်နဲ့ ဆုံရမှာပါ။
ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်ကိုတော့ ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမှာ လာမယ့်နှစ် မေ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။