နယူးဇီလန် ၀န်ကြီးချုပ်အဖြစ် ဘီလ်အင်္ဂလိပ်ကို ရွေးချယ်

ဓာတ်ပုံ - Getty Images
1.2K
နယူးဇီလန်နိုင်ငံရဲ့ ၀န်ကြီးချုပ်သစ်အဖြစ် လက်ရှိ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ဘီလ် အင်္ဂလိပ် (Bill English) ကို အာဏာရအမျိုးသားပါတီက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရွေးချယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့တပတ်က ၀န်ကြီးချုပ် ဂျွန်ကီး (John Key) ရုတ်တရက် နုတ်ထွက်သွားပြီး အခုလို ဘဏ္ဍာရေးဝန်ကြီး ဘီလ် အင်္ဂလိပ်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာပါ။
တန်ဖိုးနည်းအိမ်ရာဝန်ကြီးဌာန၀န်ကြီး ပေါလာ ဘဲန်နက်ကို ဒုတိယ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ပါတယ်။
အာဏာရ အမျိုးသားပါတီ အစည်းအဝေးမှာ အခုလို ၀န်ကြီးချုပ်သစ်တွေကို ရွေးချယ် အတည်ပြုခဲ့ကြတာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မြို့တော် ၀ယ်လင်တန်ရှိ အစိုးရအိမ်တော်မှာ ကျမ်းကျိန်ခဲ့ပါတယ်။
ဘီလ် အင်္ဂလိပ်ကလည်း သူ အခုလို အရွေးချယ်ခံရတာ ၀မ်းနည်းဝမ်းသာဖြစ်မိပြီး အားလုံးကိုလည်း ဦးညွတ်ပါတယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဝန်ကြီးချုပ်သစ် ဘီလ် အင်္ဂလိပ်ဟာ ၁၉၉၀ ခုနှစ်မှာ ပါလီမန်လွှတ်တော်အမတ်ဖြစ်လာပြီး နယူးဇီလန် ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတာဝန်တွေ ယူခဲ့ပါတယ်။