အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သွေးကြွ ၈ ဦးကို ဖမ်းဆီးရမိ
DVB
·
December 12, 2016
နယူးဒေလီ ဒီဇင်ဘာ ၁၁
အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်နဲ့ မြန်မာနယ်စပ်အနီးမှာ ပူးတွဲစစ်ဆင်ရေး ကာလအတွင်း လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ စစ်သွေးကြွ ၈ ဦးကို ဒေသရှိ ရဲတပ်ဖွဲ့နဲ့ စစ်ရေးအရ ဖွဲ့စည်းထားသည့် အိန္ဒိယအင်အားစုတွေက ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်သွေးကြွများကို မီဇိုရမ် တောင်ပိုင်းရှိ ဆိုင်ရာဟာဒေသမှာ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
စစ်သွေးကြွတွေကို သက်ဆိုင်ရာက ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း သတင်းက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတဲ့ လောင်ချာတစ်ခု၊ ၇ ဒသမ ၆ မီလီမီတာ ပြောင်းရှိတဲ့ ရိုင်ဖယ်သေနတ်တစ် လက်၊ ၅ ဒသမ ၅ မီလီမီတာရှိတဲ့ အမ် ၁၆ ရိုင်ဖယ်သေနတ် တစ်လက်၊ အမ် ၁၁ ရိုင်ဖယ်သေနတ်တစ်လက်၊ ဂျီသရီး ရိုင်ဖယ်သေနတ် တစ်လက်၊ လက်ပစ်ဗုံး ၁ဝ လုံးနဲ့ ကျည်ဆန်တွေနဲ့ ကျည်အိမ်တွေ ဖြစ်ကြောင်း သိရပါတယ်။