အိန္ဒိယ-မြန်မာနယ်စပ်တွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သွေးကြွ ၈ ဦးကို ဖမ်းဆီးရမိ

နယူးဒေလီ ဒီဇင်ဘာ ၁၁ အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်နဲ့ မြန်မာနယ်စပ်အနီးမှာ ပူးတွဲစစ်ဆင်ရေး ကာလအတွင်း လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ စစ်သွေးကြွ ၈ ဦးကို ဒေသရှိ ရဲတပ်ဖွဲ့နဲ့ စစ်ရေးအရ ဖွဲ့စည်းထားသည့် အိန္ဒိယအင်အားစုတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်သွေးကြွများကို မီဇိုရမ် တောင်ပိုင်းရှိ ဆိုင်ရာဟာဒေသမှာ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ စစ်သွေးကြွတွေကို သက်ဆိုင်ရာက ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း သတင်းက ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတဲ့ လောင်ချာတစ်ခု၊ ၇ ဒသမ ၆ မီလီမီတာ ပြောင်းရှိတဲ့ ရိုင်ဖယ်သေနတ်တစ် လက်၊ ၅ ဒသမ ၅ မီလီမီတာရှိတဲ့ အမ် ၁၆ ရိုင်ဖယ်သေနတ် တစ်လက်၊ အမ် ၁၁ ရိုင်ဖယ်သေနတ်တစ်လက်၊ ဂျီသရီး ရိုင်ဖယ်သေနတ် တစ်လက်၊ လက်ပစ်ဗုံး ၁ဝ လုံးနဲ့ ကျည်ဆန်တွေနဲ့ ကျည်အိမ်တွေ ဖြစ်ကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up