Home
မြန်မာသတင်း
နေရှင်းသတင်းစာရေးသည့် မလေးဝန်ကြီးချုပ် ဘာလဲ၊ ဘယ်လဲ
DVB
·
December 11, 2016
မလေးရှားဝန်ကြီးချုပ်နာဂျစ်ရဲ့ အချိန်အခါကောင်းမဟုတ် ကိုယ်ကျိုးရှာပြီး မြန်မာနိုင်ငံ ရိုဟင်ဂျာအကြပ်အတည်း အရေးကိစ္စအပေါ် ဒေါသပေါက်ကွဲမှုဟာ ရှုပ်ထွေးမှုတွေကို ဖြစ်သွားစေတယ်လို့ နေရှင်းသတင်းစာက ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။ ရိုဟင်ဂျာအကြပ်အတည်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် စိတ်လွတ်ထွက်သွားတာဖြစ်ရ မယ်လို့လည်း နေးရှင်းက ဆိုပါတယ်။ ဒါက စိုးရိမ်ပူပန်မှုတွေရှိနေတာကိုပြတယ်။ ဒါပေမယ့် ကိုယ်ကျိုးအတွက် လုပ်ဖော်ကိုင်ဖက်တွေ မကောင်းကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်တာလည်း ဖြစ်တယ်လို့ နေရှင်းက ရေးပါတယ်။ နာဂျစ်ဟာ ၁၉၆၇ ခုနှစ် ဒေသဆိုင်ရာအုပ်စုမှ တရားဝင် စတင်အကောင်အထည်ဖော်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်လက်ခံကျင့်သုံးခဲ့တဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်မှု အာဆီယံမူဝါဒကို လှောင်ပြောင်သရော်ခဲ့ပါသေးတယ်။ တစ်ခုထင်ရှားနေတာက မလေးရှားနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေဟာ မကြာခင်အချိန်မှာ ကောင်းတော့မှာမဟုတ်ပါဘူး။ မလေးရှားအစိုးရ ပိုင်ဆိုင်တဲ့ 1Malaysia Development Berhad (1MDB) နည်းဗျူဟာ တိုးတက်ရေး ကုမ္ပဏီနဲ့စပ်လျဉ်းတဲ့ လာဘ်စားမှုနဲ့ နာဂျစ်ဟာ အကြီးအကျယ် ဖိအားတွေရနေတာပါ။ ဒီကိစ္စဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူရဲ့ဦးဆောင်မှုနဲ့ နိုင်ငံရဲ့ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ နိုင်ငံကို ဦးဆောင်မှုကဏ္ဍနဲ့ United Malay National Organization ကြီးကို ဆက်လက်ချုပ်ကိုင်ထားနိုင်မှုက အံ့သြစရာပါ။ ဒီလိုအားလုံးကို ချုပ်ကိုင်ထားနိုင်ဖို့က သေချာပေါက် ကုန်ကျမှုစရိတ်တွေ များနိုင်ပါတယ်။ မလေးရှားရဲ့ မြန်မာကို တိုက်ခိုက်ဖို့ ရွေးချယ်ချိန်ဟာ လုံးဝမသင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ လက်ရှိ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းခန့်ရှိနေပြီး ကွာလမ်လမ်ပူရဲ့ နောက်ဆုံးအခြေအနေကလည်း ပိုမိုရှုပ်ထွေးနေပါတယ်။ ရိုဟင်ဂျာလူမျိုးပြဿနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေမှာ အင်ဒိုနီးရှားနိုင်ငံ လာရောက်ပူးပေါင်းဖို့ တောင်းဆိုသွားမယ်လို့ မလေးရှားဝန်ကြီးချုပ်ရာဂျစ်က ပြောလိုက်ပေမယ့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုအတွက်တော့ ဒီလိုလုပ်ဆောင်ဖို့ အဆင်အခြင်မဲ့ စွန့်စားခန်းဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာစူဒီနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဘက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှု ချောမွေ့အောင်မြင်တယ်၊ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ ရိုဟင်ဂျာအရေးကိစ္စဟာ အင်မတန်အရေးကြီးတဲ့ ကိစ္စရပ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး၊ ဒါပေမယ့် မြန်မာနိုင်ငံကို သူနည်းသူဟန်နဲ့ ဖြေရှင်းဖို့ အခွင့်အလမ်း ပေးသင့်ပါတယ်၊ ဒါကို မလေးရှားနိုင်ငံက ကောင်းကောင်းကြီးသိသင့်တယ်လို့ သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအပြောင်းအလဲတွေကြောင့် အခုအချိန်မှာ အဓိက အာရုံစိုက်စရာဖြစ်နေတာကလည်း စိတ်ဝင်စားစရာပါ။ အချို့ဒေသတွေကို သွားရောက်ခွင့်မပြုတာနဲ့ ကန့်သတ်ချက်တွေ ရှိနေသော်လည်း ဒီမိုကရေစီအပြောင်းအလဲ ဖြစ်စဉ်ကနေ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး လှုံ့ဆော်စည်းရုံးသူတွေကို စောင့်ကြည့်အကဲခတ်ခွင့် သတင်းထုတ်ပြန်ခွင့်တွေလည်း ပြုနေပါတယ်။ လူအခွင့်အရေးကိစ္စတွေမှာတော့ မြန်မာနိုင်ငံဟာ ဖိအားပိုမိုများနိုင်တယ်လို့လည်း နေရှင်းက ရေးပါတယ်။ အာဆီယံနိုင်ငံတွေဟာ ဒေသတစ်ခုလုံးရဲ့ သက်ရောက်မှုအကျိုးဆက်တွေကို ကောင်းစွာ သိရှိတာနဲ့အညီ အမတန်ထိလွယ်ရှလွယ်ဖြစ်တဲ့ အရေးကိစ္စတွေကို ကိုင်တွယ်တုံ့ပြန်ဖို့ အမြဲတမ်း သတိရှိကြပါတယ်။ အားလုံးပူးပေါင်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အဖွဲ့ဝင်နိုင်ငံ အားလုံးသဘောတူညီမှုရတဲ့ အရေးကိစ္စပေါ်မှာသာ အာဆီယံနိုင်ငံတွေက ကိုင်တွယ်ဆောင်ရွက်ပါတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့ ပြည်တွင်းရေးမစွက်ဖက်ရေးမူဝါဒကို လေးစားလိုက်နာသင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ ရုဟင်ဂျာအကြပ်အတည်းပြဿနာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်ဟာလည်း ကြောင်းကျိုးဆီလျော်တယ်၊ ဒါပေမယ့် ဒီအရေးကိစ္စကို အဖြေရှာဖို့ နိုင်ငံရဲ့ပြင်ပက ဖိအားတွေ မပေးသင့်ဘူးလို့ နေရှင်းသတင်းစာအယ်ဒီတာ့အာဘော်မှာ ရေးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024