Home
မြန်မာသတင်း
ဧည့်​လမ်း​ညွှန်များ​ကို ​စောင့်​ကြည့်​အ​ရေး​ယူမည်ဆိုသည့်​ကြေညာချက်အ​ပေါ် တုံ့​ပြန်စာပို့
ရွှေအောင်
·
November 17, 2011
နိုင်ငံခြား​ ခရီး​သွား​ဧည့်​သည် ​စောင့်​ရှောက်​ရေး​ အဖွဲ့​တွေက ဧည့်​လမ်း​ညွှန်​တွေကို ​စောင့်​ကြည့်​ အ​ရေး​ယူသွား​မယ်ဆိုတဲ့​ သတင်း​စာပါ ပြည်သူသိ​ကြေညာချက်အ​ပေါ် ဧည့်​လမ်း​ညွှန်အသင်း​က တုံ့​ပြန်စာ ​ပေး​ပို့​လိုက်ပါတယ်။ နိုင်ငံခြား​ဧည့်​သည် ဝင်​ရောက်မှု အဆင်​ပြေလွယ်ကူ​ရေး​ကော်မတီက နိုဝင်ဘာ ၅ရက်​နေ့​ထုတ် ​ကြေး​မုံသတင်း​စာမှာ ဧည့်​လမ်း​ညွှန်များ​ သိ​စေရန် အသိ​ပေး​ကြေညာချက် ထည့်​သွင်း​ဖော်ပြလိုက်တဲ့​အ​ပေါ် အခုလို စာ​ရေး​ပြီး​ တုံ့​ပြန်လိုက်တာပါ။ စာကို မြန်မာနိုင်ငံဧည့်​လမ်း​ညွှန်အသင်း​ အတွင်း​ရေး​မှူး​ ဦး​ဝင်း​ဇော်ဦး​ လက်မှတ်ထိုး​ပြီး​ နိုဝင်ဘာ ၁၆ ရက်စွဲနဲ့​ ​ကော်မတီကို ​ပေး​ပို့​ခဲ့​ပါတယ်။ သတင်း​စာပါ အသိ​ပေး​ကြေညာချက်မှာ နိုင်ငံခြား​သား​ ခရီး​သွား​ဧည့်​သည်​တွေ လည်တာများ​တဲ့​ ​ရွှေတိဂုံ၊​ ပုဂံ၊​ ကျိုက်ထီး​ရိုး​စတဲ့​ ​နေရာ​တွေမှာ ဧည့်​လမ်း​ညွှန်​တွေရဲ့​ ရှင်း​ပြတာ​တွေ၊​ စည်း​ကမ်း​ ရှိမရှိ စတာ​တွေကို နိုင်ငံခြား​သား​ ခရီး​သွား​ ဧည့်​သည် ​စောင့်​ရှောက်​ရေး​အဖွဲ့​တွေက ကြည့်​ရှုကြပ်မတ်သွား​မယ်၊​ စည်း​ကမ်း​ဖောက်တာ ​တွေ့​ရင် အ​ရေး​ယူမယ်လို့​ ​ဖော်ပြထား​ပါတယ်။ ခရီး​သွား​စောင့်​ရှောက်​ရေး​အဖွဲ့​မှာ ဟိုတယ်ခရီး​၊​ ရဲနဲ့​ အ​ထွေ​ထွေအုပ်ချုပ်​ရေး​ အဖွဲ့​က ကိုယ်စား​လှယ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တယ်လို့​လည်း​ ဆိုပါတယ်။ ဒီအဖွဲ့​တွေဟာ ဧည့်​လမ်း​ညွှန်​တွေကို ​စောင့်​ကြည့်​အ​ရေး​ယူမယ့်​အဖွဲ့​တွေ မဖြစ်သင့်​ဘဲ အကူအညီ​ပေး​မယ့်​ အဖွဲ့​တွေပဲ ဖြစ်သင့်​တယ်လို့​လည်း​ ဧည့်​လမ်း​ညွှန်အသင်း​ရဲ့​တုံ့​ပြန်စာမှာ ​ဖော်ပြထား​ပါတယ်။ ဧည့်​လမ်း​ညွှန်အသင်း​အဖွဲ့​ဝင် ကိုညီညီက “ကျ​နော်တို့​က ​လော​လောဆယ်​တော့​ သူတို့​ ဘယ်လို action (လှုပ်ရှား​) မယ်ဆိုတာကို ​စောင့်​ကြည့်​မယ်​ပေါ့​နော်။ ​စောင့်​ကြည့်​လို့​ သူတို့​ ကျ​နော်တို့​အ​ပေါ်မှာ ဆက်ဆံပုံ​တွေက လက်ခံနိုင်ဖွယ်ရာ ရှိရင်​တော့​ ဒီအတိုင်း​ပဲ ​နေမယ်​ပေါ့​ဗျာ။ တကယ်လို့​ ​တော်​တော်ကို လက်ခံနိုင်ဖွယ်ရာ မရှိဘူး​ဆိုရင်​တော့​ ကျ​နော်တို့​က အသင်း​အဖွဲ့​လည်း​ ဖွဲ့​စည်း​ထား​ပြီး​ ဖြစ်တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​က ဒီလမ်း​ကြောင်း​မှန်အတိုင်း​ပဲ ကျ​နော်တို့​က တဆင့်​ချင်း​တက်​ပေါ့​ဗျာ။ ဝန်ကြီး​ဆီ စာတင်မယ်၊​ ဝန်ကြီး​ဆီမရရင် သမ္မတ​ပေါ့​။ ဒီလို တဆင့်​ပြီး​တဆင့်​ လုပ်ရမှာ​ပေါ့​” လို့ ဆိုပါတယ်။ ဧည့်​လမ်း​ညွှန်အသင်း​ရဲ့​ တုံ့​ပြန်စာအ​ပေါ် သက်ဆိုင်ရာက အ​ရေး​ယူ ​ဆောင်ရွက်မ​ပေး​ပါက ဆက်လုပ်မယ့်​ကိစ္စနဲ့​ပတ်သက်လို့​ ကိုညီညီက ခုလို ​ပြောပါတယ်။ “တခါတ​လေကျရင် ဧည့်​သည်က မန္တ​လေး​တောင်​ပေါ်လို ​နေရာမျိုး​မှာဗျာ၊​ သူတို့​က ​နေဝင်ချိန်အလှကို ​အေး​အေး​ဆေး​ဆေး​ ခံစား​နေတာဆို​တော့​ ကျ​နော်တို့​က အဲဒီအချိန်မှာ သွား​ပြီး​တော့​ မန္တ​လေး​မြို့​ကြီး​ သမိုင်း​တို့​၊​ မန္တ​လေး​တောင် အတ္ထုပ္ပတ္တိတို့​ ဒါ​တွေ ​ပြော​နေလို့​ရှိရင် အ​နှောင့်​အယှက် ဖြစ်တယ်ခင်ဗျ။ အဲဒီ​တော့​ ကျ​နော်တို့​က ဘာလုပ်ရလဲဆို​တော့​ ​အေး​အေး​လေး​ သူတို့​နဲ့​ ​ဝေး​တဲ့​ ​နေရာမှာ သွား​ပြီး​တော့​ ​နေဝင်ချိန်ကို ​အေး​အေး​လူလူ ကြည့်​နိုင်​အောင်လို့​ ကျ​နော်တို့​က အလိုက်သိသိ ​ရှောင်​ပေး​ရတယ်ခင်ဗျ။ အဲဒီလို ​ရှောင်​ပေး​တာကိုက ကျ​နော်တို့​ရဲ့​ အလုပ်ဗျ။ ကျ​နော်တို့​ အလုပ်လုပ်​နေတာ။ မသိတဲ့​ လူ​တွေက​တော့​ဗျာ ဧည့်​လမ်း​ညွှန်​တွေက ဧည့်​သည်ကို ရှင်း​မပြပဲနဲ့​ ဟိုမှာသွား​ပြီး​တော့​ ငုတ်တုတ်ထိုင် ပြီး​တော့​ သူတို့​ဟာသူတို့​ ​နေ​နေကြတယ် ဒီလို ထင်တယ်ဗျ မသိလို့​ရှိရင်။ အဲဒီလိုမျိုး​ သဘာဝ​တွေ ရှိတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​ကို ​စောင့်​ကြည့်​မယ်တို့​၊​ အ​ရေး​ယူမယ်တို့​ လုပ်တဲ့​လူ​တွေကျ​တော့​ ကျ​နော်တို့​ လုပ်ငန်း​ကို သ​ဘောသဘာဝကို နား​လည်တဲ့​လူ ဆိုရင်​တော့​ ​ကောင်း​တာ​ပေါ့​။ နား​မလည်ပဲနဲ့​ လာပြီး​တော့​ အ​ရေး​ယူမယ်ဆို​တော့​ ဘာကိုအ​ရေး​ယူမှာလဲ၊​ ဒါ​တွေက အများ​ကြီး​ ​ပြောစရာရှိတာ​ပေါ့​။” နိုင်ငံခြား​ဧည့်​သည် ဝင်​ရောက်မှု အဆင်​ပြေလွယ်ကူ​ရေး​ကော်မတီကို ဟိုတယ်ခရီး​ ဝန်ကြီး​ဌာနက ဦး​ဆောင်ဖွဲ့​စည်း​ထား​တာ ဖြစ်ပြီး​ ညွှန်မှူး​ ဦး​ဌေး​အောင်ကို ဆက်သွယ်​မေး​မြန်း​ရာ ​ဖြေဆိုဖို့​ ငြင်း​ဆန်ခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024