ဘူဂေးရီးယား ဓာတ်ငွေ့တင်ရထား တိမ်းမှောက်မှု ၅ ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ (ရုပ်သံ)

ဘူဂေးရီးယားနိုင်ငံမှာ အရှေ့မြောက်ပိုင်းမှာ စနေနေ့က သဘာဝဓာတ်ငွေ့အရည်တွေ တင်ဆောင်လာတဲ့ ကုန်ရထားတစီး တိမ်းမှောက်မီးလောင်မှုဖြစ်ပြီး လူ ၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။ အနီးပတ်ဝန်းကျင်က နေအိမ် အဆောက်အဦတွေမှာ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်ကိုလည်း ဆေးရုံတင်ကုသ ထားရပါတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ မီးငြှိမ်းသတ်နေတဲ့အချိန်မှာ အာဏာပိုင်တွေက အရေးပေါ် နေရာပြောင်းရွေ့ဖို့ပါ တချိန်တည်း ဆောင်ရွက်ခဲ့ကြရပါတယ်။ ဓာတ်ငွေ့တင်တွဲတွေ လမ်းချော်တိမ်းမှောက်မီးလောင် ကျွမ်းမှုမှာ အဆောက်အဦအနည်းဆုံး ၂၀ လောက်လည်း မီးလောင်ကျွမ်းခဲ့ တယ်လို့ ဒေသခံအစိုးရပြောခွင့်ရက ပြောဆိုပါတယ်။ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲလောက်မှာ ဓာတ်ငွေ့ ရည်တင်တွဲ ၂ တွဲက ဓာတ်တိုင်တွေကို တိုက်မိပြီး ပေါက်ကွဲမီးလောင်ခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။ ဘူးဂေးရီးယားဝန်ကြီးချုပ်လည်း အခင်းဖြစ်တဲ့နေရာကို သွားရောက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ တိုးလာဦးမယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဒဏ်ရာရသူတွေဟာ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းလောက် မီးလောင်ဒဏ်ရာတွေရရှိခဲ့ပြီး အရေးပေါ် သွေး လိုအပ်နေတဲ့အကြောင်းလည်း ၀န်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up