ကညွတ်ကွင်းမြို့တွင် ယာဉ်မောင်းလိုင်စင်များ နေ့ချင်းပြီး ဆောင်ရွက်ပေး
DVB
·
December 10, 2016
ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့ အောင်တော်မူခန်းမမှာ ယာဉ်မောင်းလိုင်စဉ်တွေကို ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှစတင်ကာ နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါတယ်။
ကညွတ်ကွင်းဒေသအတွင်းရှိ ဆိုင်ကယ်စီးနင်တဲ့ ပြည်သူတွေကို ကုန်းလမ်းပိုဆောင်ရေး ညွန်ကြားမှုဦးစီဌာန ခရိုင်ရုံး (တောင်ငူ) က ရက် ၂၀၀ အတွင်း ပြည်သူအကျိုးပြုလုပ်ငန်းအနေနဲ့ ဒေသအတွင်းရှိ ယာဉ်မောင်းလိုင်စင် မလုပ်သေးတဲ့သေူတွကို ပညာပေးဟောပြောမှု ပြုလုပ်ပြီး နေချင်းပြီး ယာဉ်မောင်လိုင်စင်များ ထုတ်ပေးတာလို့ ခရိုင်ဦးစီးအရာရှိ ဦးအောင်တင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဒီတနေ့ပေါ့။ ကျနော်တို့က လာသလောက်လူကို ပြီးအောင်လုပ်ပေးသွားမှာပါ။ အခု လူသုံးရာကျော်လောက် ပြီးပြီ။ ဒီနေ့ ငါးရာလောက်တော့ ပြီးမယ်ထင်တယ်ဗျ။ ဖြူးဘက်မှာလည်း လုပ်ပေးထားသေးတော့ လူတော့နည်းသွားပါပြီ။ သိပ်တော့ အခက်အခဲမရှိပါဘူး။ အကုန်အဆင်ပြေပါတယ်။ ဌာနဆိုင်ရာတွေကလည်း ကူညီကြပါတယ်။"
လိုင်စင် လာရောက်လုပ်ကိုင်သူတဦးက “လာလုပ်တဲ့လူကတော့ များတယ်ဗျ။ ဒီလိုလာလုပ်ပေးတာ အဆင်ပြေတယ်။ တောင်ငူအထိသွားလုပ်ရမယ်ဆို သိပ်မလွယ်ဘူး။ ဝေးတော့လေ၊ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။
ယာဉ်မောင်းလိုင်စင်တွေ အခုလို ကွင်းဆင်းဆောင်ရွက်ပေးတာဟာ ကညွတ်ကွင်းမြို့မှာ ပထမဦးဆုံးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဖြူးမြို့မှာ လုပ်ဆောင်ပေးခဲ့ပါတယ်။
သတင်း-ကျော်အောင် ( ကညွတ်ကွင်း )