Live
Home
မြန်မာသတင်း
နိုင်ငံခြားသားများလိုက်ပါလာသည့် အပျော်စီးရွက်လှေစက်ပျက်၍ မြန်မာ့ရေတပ်ကယ်ဆယ်
DVB
·
December 9, 2016
နိုင်ငံခြားသားတွေလိုက်ပါလာတဲ့ အပျော်စီးရွက်လှေတစီး ကော့သောင်းမြို့အနီ မြန်မာ့ပင်လယ်ပြင် ထဲမှာ စက်ပျက်သွားတဲ့အတွက် မြန်မာရေတပ်မတော် စစ်ရေယာဉ် ၅၆၇ က သွားရောက် ကယ်ဆယ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံ ရနောင်းအခြေစိုက် NamjaiRanong ကုမ္ပဏီပိုင် MV "Namjai Nine" အမည်ရှိ အပျော်စီးလှေဟာ  တရုတ်နိုင်ငံသား ၉ ဦးနဲ့  ဗြိတိသျှနိုင်ငံသား ၂ ဦးစီးနင်းလိုက်ပါလာပြီး  ဒီဇင်ဘာ ၇ ရက်နေ့ ၅ နာရီချိန် ကော့သောင်းမှ ရေမိုင် ၁၂၀ ဝေးကွာတဲ့  မြန်မာ ဘန့်ကျွန်းအနီး စက်ချွတ်ယွင်းသွားခဲ့တာပါ။ ကော့သောင်းဟိုတယ်ခရီးရုံးခွဲကို ဆက်သွယ်ရေးစက်နဲ့  အကူအညီတောင်းရာမှ မြန်မာ့ရေတပ်မတော် စစ်ရေယာဉ် ၅၆၇ က သွားရောက် ကယ်ဆယ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉ အချိန် ကော့သောင်းမြို့မ ဆိပ်ကမ်း ဗောတံတားသို့ပို့ဆောင်ပေးခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024