ကင်မရွန်းတွင် ခွဲထွက်ရေးသမားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်းက ဘာမန်ဒါမြို့အတွင်း ခွဲထွက်ရေး သမားတွေနဲ့ ရဲတွေ ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ် ထပ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံတွင်း အင်္ဂလိပ် စကားပြောတဲ့ တိုင်းရင်းသား လူနည်းစုတွေက သူတို့ကို ခွဲခြားဖိနှိပ်တယ်လို့ စွပ်စွဲပြီး ဆန္ဒပြရင်းနဲ့ ခုလို ဖြစ်တာပါ။ လက်ရှိအာဏာရ ကင်မရွန်း ပြည်သူ့ဒီမိုကရက်တစ်လှုပ်ရှားမှု (RDPC)ရဲ့ အစည်းအဝေးကို ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ရဲတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ ပါတယ်။ အစောပိုင်းက အရာရှိတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ကြ ပါတယ်။ ရုန်းရင်းဆန်ခတ်မှုအတွင်း ရဲတွေကြောင့် ဆန္ဒပြသူ အနည်းဆုံး လေးယောက်သေဆုံးပြီး လူအတော်များများ ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသူ အရေအတွက် ပိုတိုးလာနေပြီး လူအုပ်ကို ရဲက သေနတ်နဲ့ ပစ်နေတာကို မြင်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက သူ့သတင်းထောက်ကို ကိုးကား ဖော်ပြပါတယ်။ ရှေ့နေတွေနဲ့ ဆရာတွေက ပိုကောင်းတဲ့ အလုပ်အကိုင် အခြေအနေတွေကို တောင်းဆိုရာက ဆန္ဒပြပွဲတွေ နိုဝင်ဘာလမှ စပေါ်ပေါက် ခဲ့ပါတယ်။ အဲဒီနောက် ကင်မရွန်းနိုင်ငံကို ၁၉၈၂ ခုနှစ် တည်းက အုပ်ချုပ်နေတဲ့ အသက် ၈၃ နှစ်အရွယ် သမ္မတ ပေါလ်ဘီယာကို ဆန့်ကျင် ဆန္ဒပြခဲ့ ကြတာပါ။ အဲဒီနောက် တိုင်းရင်းသား တွေက လွတ်လပ်ရေး လှုပ်ရှားမှု သင်္ကေတ ဖြစ်တဲ့ ပြည်ထောင်စု ကင်မရွန်းတောင်ပိုင်း သမ္မတနိုင်ငံရဲ့ အလံဖြစ်တဲ့ အဖြူနဲ့ အပြာရောင်အလံကို စိုက်ထူခဲ့ပါတယ်။ အစိုးရက ဆန္ဒပြသူတွေနဲ့ ဆွေးနွေးဖို့ အစောပိုင်းက ကြိုးစားမှု အတော်များများ လုပ်ခဲ့တာပါ။ ပြင်သစ် စကားပြောတဲ့ ကင်မရွန်း နိုင်ငံကနေ ခွဲထွက်ရေး တောင်းဆိုမှုတွေ ပိုခိုင်မာ လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up