ထိုင်းတွင် စက်လှေနစ်မြုပ်ရာမှ ပျောက်ဆုံးနေခဲ့သည့် မြန်မာအမျိုးသမီးအလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ၊ ချန်ဖွန်မြို့ကမ်းခြေတခုမှာ စက်လှေနစ်မြုပ်ရာမှ ပျောက်ဆုံးနေတဲ့ မြန် မာအမျိုးသမီးအလောင်းတလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်းဘာဘာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ တပတ်လောက်က ခိုတောင်အနီးရှိ ရာဘာစိုက်ခင်းတခုမှ သစ်တွေသယ်ဆောင်လာတဲ့ စက်လှေနစ်မြုပ်မှုမှာ ပါဝင်ခဲ့ပြီး ပျောက်ဆုံးနေခဲ့တဲ့ မိသားစုဝင် ၃ ဦးထဲက ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ လာမဲ့ခရိုင်တွင်းကမ်းခြေမှာ တွေ့ရတဲ့ အမျိုးသမီးဟာ အ၀တ်အစားတွေ ၀တ်လျက်သားအခြေအနေနဲ့ အသက်ကယ်အင်္ကျီကိုလည်း ၀တ်ထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူ့ကို ကမ်းခြေကနေ မီတာ ၁၀၀ အကွာမှာ ငါးဖမ်းသမားတွေက တွေ့ရှိခဲ့ပြီး လိုအပ်တဲ့ ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ရတာပါ။ အဆိုပါသေဆုံးသူအမျိုးသမီးဟာ အသက် ၂၅ နှစ်နဲ့ ၃၀ ကြားဖြစ်ပြီး ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက သေဆုံးနှင့်ခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ ခိုတောင်က သူ့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်မှုရ နိုင်ဖို့ လုပ်ဆောင်နေကြပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ထုတ်ဖော်နိုင်ဖို့ စီစဉ်နေ တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up