၂၀၁၆ ရွှေဘောလုံးဆုရှင်အဖြစ် စီရော်နယ်လ်ဒိုကို ရွေးချယ်ထားဟု စပိန်သတင်းစာ ဖော်ပြ

ဓာတ်ပုံ - Sky Sports
1.7K
၂၀၁၆ ရွှေဘောလုံးဆုရှင်အဖြစ် ရီးရဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ဘာစီလိုနာမြို့အခြေစိုက် စပိန်သတင်းစာ Mundo Deportivo က ဖော်ပြပါတယ်။
၂၀၁၆ ရွှေဘောလုံးဆုကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ချီးမြှင့်သွားမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနား မတိုင်မီ သတင်းကြိုထွက်လာတာလည်း ဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဆုတွေ ရယူနိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆုရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ထောက်ခံသူတွေလည်း အများအပြားရှိနေပါတယ်။
စီရော်နယ်လ်ဒိုကို ရွှေဘောလုံးဆုရှင်အဖြစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ဒီနေ့မှာတော့ မက်ဒရစ်ကို လာရောက်ကာ စီရော်နယ်လ်ဒိုနဲ့ အင်တာဗျူးပြုလုပ်ဖို့တောင် စီစဉ်ထားပြီးဖြစ်ကြောင်း Mundo Deportivo သတင်းစာရဲ့ဂျာနယ်လစ် အဂွီလာက ပြောကြားခဲ့ပါတယ်။