Home
သတင်းဓာတ်ပုံ
ကွန်တိန်နာမောင်းသူများ ရန်ကုန်တွင်လမ်းပိတ်ဆန္ဒပြ
DVB
·
December 8, 2016
ရန်ကုန်မြို့မှာ ည ၉ နာရီကနေ မနက် ၆ နာရီအတွင်းသာ ကွန်တိန်နာယာဉ်တွေ ဖြတ်သန်းသွား လာရမယ်လို့ သတ်မှတ်လိုက်တဲ့အပေါ် မကျေနပ်လို့ ကွန်တိန်နာမောင်းသူတွေက ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၃ နာရီကတည်းက ကြည့်မြင်တိုင် စာတိုက်မီးပွိုင့်ကနေ ဟွန်းသံရှည်ဆွဲပြီး တန်းစီမောင်းဝင်လာတာကြောင့် ရပ်ကွက်နေပြည်သူတွေ ထိတ်လန့်ကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီကွန်တိန်နာတွေကို သတ်မှတ်ချိန်အတွင်းပြေးစွဲဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တချို့ရဲ့ ကန့်ကွက်ခဲ့မှုတွေလည်း ရှိနေပါတယ်။ ရန်​ကုန်​မြို့တွင်းမှာ ကွန်​တိန်​နာ ယာဉ်​​မောင်း​တွေက မနက်ပိုင်းကတည်းက ကား​တွေကို ဆက်​မ​မောင်းဘဲ အမြန်​လမ်း​ပေါ်မှာ ရပ်​ထားလို့ ကွန်​တိန်​နာယာဉ်​ အစီး ၂၀၀​ လောက် ​ပိတ်​မိ​နေပါ တယ်​။ ကမ်းနားလမ်း တ​လျှောက်​မှာလည်း သီရိမင်္ဂလာ​ဈေးသစ်​က​နေ ဟုမ်းလမ်းအထိ လမ်း​တွေ ပိတ်​​နေပါတယ်​။ သတင်း - ရန်နိုင်ဇော်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024