Home
မြန်မာသတင်း
မြန်မာနောင်း သတင်းမီဒီယာ သတင်းထောက်ချုပ် ကိုဆွေဝင်းအား စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်
DVB
·
December 7, 2016
အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး နှိပ်စက်ခံရမှုကို ထုတ်ဖော်ရေးသားခဲ့တဲ့ မြန်မာနောင်း သတင်းမီဒီယာ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ကနေ စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်ခဲ့ပါတယ်။ “သတင်းကို တိကျခိုင်လုံမှုရှိရှိ၊ တာဝန်ယူတာဝန်ခံမှုရှိရှိရေးသားပြီး နိုင်ငံတော်အဆင့်ထိ ထိရောက်အောင် ရေးသားခဲ့တဲ့အတွက် ကိုဆွေဝင်းကို စတုတ္ထမဏ္ဍိုင်ဆု ချီးမြှင့်တာပါ”လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောပါတယ်။ ဒီအခန်းနားကိုတော့ ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒီဇင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ကိုဆွေဝင်းနဲ့အတူ မြန်မာရေလုပ်သားတို့ရဲ့ ဘဝကို ဖော်ထုတ်ရေးသားခဲ့တဲ့အတွက် ပူလစ်ဇာဆု ချီးမြှင့်ခြင်းခံရတဲ့ မအက်စတာထုဆန်ကိုလည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဆုချီးမြှင့် ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ဆန်းဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024