မြန်မာ ဒုတိယမြောက် ရွှေတံဆိပ်ဆု ဆွတ်ခူး
Published By
DVB | 17 November, 2011
4.1K
0
Share
0
Comment
0
Likes

မြန်မာအားကစားအဖွဲ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို အနောက်တိုင်း လှေလှော်အဖွဲ့က ဆွတ်ခူးရရှိပါတယ်။
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားအဖွဲ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ အနောက်တိုင်း လှေလှော်ပြိုင်ပွဲကနေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီတကြိမ် မြန်မာတို့ အတွက် ရွှေတံဆိပ် ရယူပေးခဲ့သူတွေကလည်း အမျိုးသမား အားကစားမယ်တွေ ဖြစ်ပါတယ်။ အနောက်တိုင်းလှေလှော် အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်မှာ သန်းသန်းငွေနဲ့ ရွှေစင်လတ်အတွဲက အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
အနောက်တိုင်းလှေလှော် LW2X ပွဲစဉ်မှာ မြန်မာအဖွဲ့က စံချိန် ၇ မိနစ် ၃၇ စက္ကန့်နဲ့ ဗိုလ်စွဲပြီး၊ ထိုင်းက စံချိန် ၇ မိနစ် ၄၄ စက္ကန့် နဲ့ ငွေတံဆိပ်၊ ဗီယက်နမ်က စံချိန် ၇ မိနစ် ၅၆ စက္ကန့် နဲ့ တတိယကြေးတံဆိပ် ရရှိခဲ့ကြပါတယ်။
သန်းသန်းငွေနဲ့ ရွှေစင်လတ် အတွဲဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပတဲ့ W2 ပွဲမှာစဉ်မှာလည်း ငွေတံဆိပ် ရရှိခဲ့သူတွေ ဖြစ်ပါတယ်။