Homeမြန်မာသတင်း
ရွှေကမ္ဘာအဝေးပြေးကားနှင့် လူ ၄ ဦးစီးလာသည့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၃ ဦးသေဆုံး
ရွှေကမ္ဘာအဝေးပြေးကားနှင့် လူ ၄ ဦးစီးလာသည့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ ၃ ဦးသေဆုံး
DVB
·
December 7, 2016
ရန်ကုန်-ဟင်္သာတ-ပြည် ပြေးဆွဲနေတဲ့ ရွှေကမ္ဘာအဝေးပြေးကားနဲ့ လူ ၄ ဦးစီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မြန်အောင်မြို့နယ် ရဲစခန်းက သိရပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၁၀ နာရီလောက်က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဟင်္သာတ-ဆုံကုန်း -ကြံခင်း အဝေးပြေးလမ်းမပေါ်ရှိ တဲကြီးကုန်းအုပ်စု ဂျင်ခါးကုန်းကျေးရွာနားမှာ ရန်ကုန်-ဟင်္သာတ-ပြည်ပြေးဆွဲနေတဲ့ အဝေးပြေး ကားနဲ့ လူ ၄ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်ပေါ်က လူ ၃ ဦးနေရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဆိုင်ကယ်ပေါ်က အသက်ရှင်ကျန်ရှိနေတဲ့ ၁ ဦးကိုတော့ မြန်အောင် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ရွှေကမ္ဘာအဝေးပြေးကား ယာဉ်မောင်းက အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးနေပြီး စပယ်ယာကို မြန်အောင်မြို့နယ် ရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
သတင်း- သန်းထိုက်မြင့်၊ ဓာတ်ပုံ - ကျော်ဝင်းမြင့်