အီကွေဒေါတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါးတန်ချိန် ၉၀ ကျော် သိမ်းဆည်းရမိ

ဓာတ်ပုံ - ရိုက်တာ
အီကွေဒေါအစိုးရက ဒီနှစ်အတွင်း တရားမဝင် မူးယစ်ဆေးဝါးတန်ချိန် ၉၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ဒီဇင်ဘာ ၅ ရက်က ကြေညာပါတယ်။ ၂၀၁၅ ခုနှစ်ရဲ့ ပထမ ၁၁ လအတွင်း ၇၁ ဒသမ ၉ တန် သိမ်းနိုင်ခဲ့လို့ သိမ်းဆည်းရမိတဲ့ ဆေးပမာဏ ပိုတိုးလာတယ်လို့ အီကွေဒေါ ပြည်ထဲရေးဝန်ကြီး ဒေးဂိုဖွှမ်တက်စ်က ပြောပါတယ်။ ကျန်ခဲ့တဲ့သီတင်းပတ်ကပဲ စစ်ဆင်ရေး အတော်များများအတွင်း ဆေးဝါး ၁၀ တန်ကို သိမ်းမိခဲ့ပါသေးတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ဒီနှစ်အတွင်း အကြီးဆုံး မူးယစ်ဆေး စစ်ဆင်ရေးမှာ ဟွန်ဒူးရပ်စ်နိုင်ငံကို ပို့မယ့် မူးယစ်ဆေး ၇ ဒသမ ၄ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီအပတ်အစောပိုင်းကလည်း ဟွန်ဒူးရပ်စ်ကတဆင့် အမေရိကန်ကိုပို့မယ့် မူးယစ်ဆေး ၃ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဥရောပကို လိပ်မူထားတဲ့ ငှက်ပျောသီးနဲ့ ပုစွန် သေတ္တာပုံးတွေထဲမှာ ဝှက်ထားတဲ့ ဆေးတွေကို အာဏာပိုင်တွေက တွေ့ခဲ့တာပါ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အီကွေဒေါ ပြည်ထဲရေးဝန်ကြီးဌာနက စစ်တပ်၊ အမျိုးသားရဲတပ်ဖွဲ့နဲ့ ကိုလံဘီယာစစ်တပ်နဲ့ ရဲတို့နဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့တာပါ။ နိုင်ငံတွင်း တရားဝင်ကုန်စည်တွေအတွက်ထားတဲ့ ကုန်သေတ္တာတွေထဲမှာ မူးယစ်ဆေးဝှက်ထားတာကို ရှာတွေ့တာ အထူးအဆန်းတော့ မဟုတ်ဘူးလို့ အီကွေဒေါ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up