အမျိုးသမီးမြားပစ် အားကစားမယ် ရွှေတံဆိပ်ရရှိ

3.1K
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင်မြန်မာ အားကစားအဖွဲ့အတွက် ပထမဆုံး ရွှေတံဆိပ်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က မြားပစ်အားကစားနည်းမှာ ဆွတ်ခူးရရှိခဲ့ပါတယ်။
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲ စတင်လို့ ၆ ရက်မြောက်နေ့မှ မြန်မာ အားကစားအဖွဲ့အနေနဲ့ရွှေတံဆိပ်တခု စတင် ရရှိတာလည်း
ဖြစ်ပါတယ်။ မြန်မာတို့အတွက် ပထမဆုံးရွှေတံဆိပ် ဆွတ်ခူးပေးခဲ့သူကတော့
အမျိုးသမီးမြားပစ် အားကစားမယ် မအောင်ငှိမ်း ဖြစ်ပါတယ်။
အမျိုးသမီးတဦးချင်း ကွန်ပေါင်းမြားပစ်ပြိုင်ပွဲမှာ ဖိလစ်ပိုင်မှ အားကစားသမားကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မအောင်ငှိမ်းနဲ့ ဖိလစ်ပိုင် အားကစားမယ်တို့ဟာ
သတ်မှတ် မြားအရေအတွက် ပစ်ပြီးချိန်မှာ အမှတ်ခြင်းတူနေလို့ မြားပိုတစ်ချောင်းစီ ထပ်မံပစ်ကာ ရွှေတံဆိပ်ဆုအတွက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မြားပိုယှဉ်ပြိုင်ရာမှာ အောင်ငှိမ်းက အနိုင်ရခဲ့လို့မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။