ပြည်တွင်းစစ် ရပ်ရန် လူထုလှုပ်ရှားမှု စတင် (ဓာတ်ပုံ)
DVB
·
December 6, 2016
ပြည်တွင်းစစ် ရပ်ဖို့အတွက် လူထုလှုပ်ရှားမှုကို ဒီဇင်ဘာလ ၆ ရက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်ကနေ စတင်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို နိုင်ငံရေးတက်ကြွလှုပ်သူ ၅၀ ခန့်က ငြိမ်းချမ်းရေးအလံများ ကိုင်ဆောင်ပြီး ဆူးလေဘုရားကို ချီတက်မှာပါ။
စစ်ပွဲတွေရပ်စဲဖို့အတွက် ဒီဇင်ဘာလ တလလုံး အခုရက်ကစတင်ပြီး ငြိမ်းချမ်းရေးစက္ကူအလံတွေကို လမ်းတိုင်း၊ အိမ်တိုင်း ဝေသွားမှာဖြစ်ပြီး ယာဉ်တွေမှာလည်း တပ်ဆင်ပေးဖို့ စည်းရုံး လှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ ဦးဆောင်သူတွေက ဆိုပါတယ်။
လမ်းတွေ၊ အိမ်တွေ၊ ယာဉ်တွေမှာ အလံဖြူတပ်ဆင်ရေးလှုပ်ရှားမှုကို ဒီလ တလလုံး လုပ်သွားမယ်လို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - စိုးမိုးအောင်