ကံမမြို့တွင် မြေသားပြတ်ရွေ့မှုကြောင့် လမ်းမြေများ ကျွံကျမှု ဖြစ်ပေါ်
DVB
·
December 6, 2016
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်-၃ ရပ်ကွက်၊ မဒေးရပ် မဒေးချောင်းအနီး မဒေးလမ်းတလျှောက်မှာ မြေသားပြတ်ရွေ့မှုကြောင့် လမ်းမြေ ကျွံကျအက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဗိုလ်ချုပ်လမ်းနဲ့ မဒေးလမ်း ဆုံတွေ့ရာ မဒေးလမ်းပေါ်တွင် အဆိုးရွားဆုံးဖြစ်ပြီး လမ်းမြေ ၂၅၀ ပေခန့်မှာ မြေအောက်သို့ ၇ ပေခန့် နိမ့်ဆင်းသွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ မိုးနှောင်းကာလ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာမှ အစပြု၍ မြေသားအက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်ခဲ့ကာ ယခုရက်ပိုင်းတွင် မြေသားများ တဖြည်းဖြည်း ကျွံကျသွားခြင်း ဖြစ်တယ်လို့ ဒေသခံများက ဟြေပါတယ်။
မြေသားပြတ်ရွေ့မှု ဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးပိုင်နဲ့ မြို့နယ်တာဝန်ရှိသူများက ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီက သွားရောက်ကြည့်ရှုကာ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
အဆိုပါ ပြတ်ရွေ့မှုတွင် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သတင်းရရှိပါတယ်။
သတင်း - အောင်ကိုလတ်